မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့၌ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ လျှပ်စစ်မီး ပေးနေသော 550 KVA မီးစက်ကြီးမှာ စက်ချို့ယွင်းသွားသဖြင့် စက်ပြုပြင်နေစဉ်အတွင်း ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထုတ်ပြန်ကြော်ငြာချက် အရ သိရသည်။
မင်းပြားမြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ရပ်ကွက် ၃ ခုသို့ လျှပ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ 550 KVA မီးစက်ဖြင့် အောက်ရွာပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်များသို့ လည်းကောင်း၊ 300 KVA မီးစက်ဖြင့် ဈေးဟောင်းပိုင်း ရပ်ကွက်သို့ လည်းကောင်း နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခဲ့ရာ 550 KVA မီးစက်မှာ ချို့ယွင်းသွားသည့်အတွက် အဆိုပါစက်ကို ပြုပြင်နေစဉ်ကာလအတွင်း 300 KVA စက်ဖြင့် ရပ်ကွက် အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။
အဆိုပါ လျှပ်စစ်မီးစက်ချို့ယွင်းမှုနှင့် ပတ်သက်၍ ယနေ့ (၂၁-၈-၂၀၁၅) နေ့လည် (၁) နာရီ အချိန်ခန့်က ဌာနဆိုင်ရာများနှင့် မြို့သူ/သားများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ 550 KVA မီးစက်အား ပြုပြင်နေစဉ် ကာလအတွင်း 300 KVA မီးစက်ဖြင့် ရပ်ကွက်လိုက် အလှည့်ကျ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည်ဟု ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
"အခု ချို့ယွင်းနေတဲ့ 550 KVA မီးစက်ကို ပြည်နယ်လျှပ်စစ်ဓာတ်အား လုပ်ငန်းက စက်ပြင်ဆရာများက (၂၀-၈-၂၀၁၅) နေ့ရက်ကစပြီး ပြုပြင်နေပါတယ်။ စက်ပြင်နေစဉ်ကာလအတွင်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ 300 KVA စက်နဲ့ ရပ်ကွက်အလိုက် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးဖို့ ဖြစ်ပါတယ်။ စက်ပြုပြင်ပြီးသွားရင်တော့ ယခင်အတိုင်း ပုံမှန် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။" ဟု မင်းပြားမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးလှထွန်းက ပြောသည်။
"မင်းပြားမြို့မှာ အရင်က EPC က မဟုတ်ဘဲ မြို့မီးလင်းရေး ကော်မတီက မီးပေးတဲ့အချိန်က မီတာခ တစ်ယူနစ်ကို ၃၀၀ ကျပ် ပေးရတယ်။ အခုတော့ EPC က လျှပ်စစ်မီတာ တစ်ယူနစ်ကို ၃၅ ကျပ်ဆိုတော့ မီးသုံးစွဲသူတွေက အရင်ကထက်ပိုပြီး မီးသုံးစွဲမှု များလာကြတယ်။ အထူးသဖြင့် လျှပ်စစ်ထမင်းအိုး၊ မီးဖို၊ မီးပူ သုံးစွဲတာတွေ တအားများလာလို့ မကြာခဏ မီးပြတ်တောက်တာတွေ ရှိပါတယ်။ ည ၇ နာရီက ၉ နာရီ အချိန်ထိဆို လျှပ်စစ်မီးကို အများဆုံး သုံးစွဲကြတော့ အဲဒီအချိန်မှာ မီးပြတ်တောက်မှု ပိုဖြစ်ပါတယ်။" ဟု သူက ဆက်ပြောသည်။
လက်ရှိအခြေအနေအရ မင်းပြားမြို့မှာ ၃ ရက်မှ တစ်ခါ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ကျောင်းသား/သူများ အနေဖြင့် ဖယောင်းတိုင်မီးဖြင့် စာဖတ်ကြရမည် ဖြစ်ကာ ဖုန်းသုံးစွဲသူများမှာ အနေဖြင့် ကိုယ်ပိုင်မီးစက်ဖြင့် လျှပ်စစ်မီးသုံးစွဲနေရသော လဘက်ရည်ဆိုင်များတွင် သူ့ထက်ငါ လက်ဦးမှုရအောင် ဖုန်းဘက်ထရီ အားသွင်းနေကြရမည် ဖြစ်ပါသည်။
From- မင်းပြား - သတင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
စစ်တွေ-ရွှေပြည်တန် မိသားစုမှ ဇ-ဖောင်ဒေးရှင်းသို့  ရေသန့် ဗှုးများ လွဲပြောင်းလှူဒါန်း(သြဂုတ်လ ၁၂ ၊ မင)
Miss Universe Sittwe အဖွဲ့ မြောက်ဦးမြို့နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းMiss Universe Sittwe မချိုချိုထွ&
အာဆီယံလူငယ်အဖွဲ့ အစည်း(မြန်မာ)မှ မင်းပြားရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ (သြဂုတ်လ ၂၆ ၊ မင
ရခိုင်ပြည်နယ်အတွင်း အစိုးရက မျိုးစပါးဖြန့်ဖြူးမှု နှောင့်နှေးနေသဖြင့် လယ်သမားများအနေဖြင့် ရသည့် မျိုးစပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း သိရအစိုးရက မျိုးစပ
စေတနာရှင်များမှ ဇ-ဖောင်ဒေးရှင်းသို့  ငွေကြေး၊ရေသန့်  နှင့် ဆေးဝါး များ လှူဒါန်း (သြဂုတ်လ ၂၂ ၊ မင)
မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွ ဆန္ဒပြ မင်းပြား (သြဂုတƟ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)