(သြဂုတ်လ ၁၂ ၊ မင်းပြား)
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းရန် ရည်ရွယ်၍ စစ်တွေ-ရွှေပြည်တန်အမြန်ယာဉ်မိသားစုမှ ဇ-ဖောင်ဒေးရှင်းသို့  ရေသန့် ဗှူး ၁၀၀၂ လုံးတိတိကို ယနေ့  နေ့ လည် ၁၂ နာရီခန့် လောက်က မင်းပြား-ရွေပြည်တန် ဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသန့်ဗှူး ၁၀၀၀ ကျော်တို့ ကို ရွှေပြည်တန် မှ တာဝန်ရှိသူ တစ်ဦးက ပေးအပ်ခဲ့ပြီး ဇ-ဖောင်ဒေးရှင်းမှ ဦးဆောင်တစ်ဦးဖြစ်သူ ကိုညီညီက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရေသန့် ဗှူးအမျိုးအစားမှာ ဒီဇိုင်းနာ အမှတ်တံဆိပ်ဖြစ်ပြီး အရွယ်အစားမှာ ၁
လီတာထက် ငယ်သည့် အလယ်အလတ်စားဖြစ်ကြောင်း ကိုညီညီက ပြောကြားသည်။
အဆိုပါ ရေသန့်ဗှူးများအား လာမည့် စနေ့ တွင် ထွက်ခွာမည့် ဇ-ဖောင်ဒေးရှင်း၏ အခမဲ့ကျန်းမာရေးကူညီစောင့်ရှောက်မှုခရီးစဉ်တွင် ထည့်သွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း ကိုထွန်းသိန်းမောင်က ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အဆိုးဝါးဆုံး ရေဘေးသင့်မြို့ နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော မင်းပြားမြို့ သည်လည်း ရေဘေးကြောင့် ကျေးရွာအများအစုမှာ ဒုက္ခကြုံတွေ့  လျက်ရှိနေပြီး အစိုးရအဖွဲ့အစည်းနှင့် NGO အဖွဲ့ အစည်းများက ကိုယ်စီတာဝန်များဖြင့် နိုင်ရာတာဝန်ထမ်းရွက်နေကြခြင်းဖြစ်ပါသည်။
မင်းမြတ်ခိုင်
(လေးမြို့  သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)