(Local News)
Jan 16 , 2016
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြစ်ကြီးတစ်မြစ်ဖြစ်သော လေးမြို့ မြစ်အတွင်းရှိ ငါးများအား ငါးဖမ်းသမားများက ဆေးခတ်ငါးဖမ်းများမှု များပြားလာမှုကြောင့် ငါးများ အဆိပ်သင့်နေသည်ဟု ယူဆရပြီး စားသုံးသူများအနေဖြင့် အော့အန်၊မူးဝေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“လေးမြို့ကရတဲ့ ငါးတွေဟာ အရင်တုန်းက ဘာမှမဖြစ်ဘူး။ အခု ငါးရစ်မကို စားရင် စားတဲ့သူတိုင်း မူးကြတယ်။ စားပြီးရင် အန်ကြတယ်။ ဘာကြောင့်မူးတာလဲတော့ မသိဘူး။ သုံးနှစ်လောက် ရှိပါပြီ။ အစပိုင်းမှာ ဆေးခတ်ပြီးဖမ်းတဲ့ ငါးဖြစ်တဲ့အတွက် မူးတယ်လို့ထင်တာ။ မဟုတ်ဘူးဗျာ။ ပိုက်နဲ့ဖမ်းလာတဲ့ လတ်လတ်ဆတ်ဆတ်တွေကို စားရင်လည်း မူးတာပဲ။ ဒါကြောင့် အဲ့ဒီငါးကို စားမယ့်လူ မရှိတော့ဘူး။ အရင်ကဆိုရင် ငါးရစ်မခြောက်ဟာ ငါးခြောက်ဈေးကွက်မှာ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး ငါးပါ။ စားရင် မူးတဲ့အတွက် အခုက ဝယ်မယ့်သူလည်း မရှိတော့ဘူး” လို့ မြောက်ဦးဖက်မှ ဒေသခံတစ်ဦးက ပြောကြားကြောင်း RIA မီဒီယာ တွင် ဖော်ပြထားသည်။
လေးမြစ်မြစ်မှ ငါးများအား ငါးဖမ်းသူများ၏ အဆိပ်ခတ်ငါးဖတ်မှုကြောင့် မြစ်ကြောင်းတစ်လျောက် ငါးအရင်းအမြစ်များစွာ သေကြေပျက်စီးနေရသည်ဟု သိရပြီး ထိုငါးများအား စားသုံးခြင်းဖြင့် လူတို့ ၏ ကျန်းမာရေးကို စိုးရိမ်နေရကြောင်း သိရသည်။ သို့သော်လည်း မင်းပြားဖက်တွင်တော့ ငါးကြောင့် ကျန်းမာရေး တစ်စုံတစ်ရာထိခိုက်မှုတော့ မကြားမိသေးကြောင်း သိရသည်။
မောင်ကာကြီး(လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)