အမ်းမြို့ နယ်​ ၊ ရူးတွင်​ ​ရှေး​ဟောင်း​ကျောက်​စာတစ်​ချပ်​ ​တွေ့ ရှိ

(Short Local News)
Jan 16 , 2016

ရခိုင်​ပြည်​နယ်​ ၊ အမ်းမြို့ နယ်​ ၊ ရူး​ကျေးရွာတွင်​ ​ရှေး​ဟောင်း​ကျောက်​စာတစ်​ချပ်​ကို ယခုရက်​ပိုင်းအတွင်းက ​တွေ့  ရှိထား​ကြောင်း သိရသည်​။

အဆိုပါ ​ကျောက်​စာမှာ သက္ကတဘာသာစကားဖြင့်​ ​ရေးထားသည်​ဟု သိရပြီး အဆိုပါ​ကျောက်​စာသည်​ ​ရှေး​ဟောင်းရခိုင်​လူမျိုးတို့  စု​ပေါင်း​ရေးထိုးခဲ့သည့်​ အလှူမှတ်​တမ်းတစ်​ခုဖြစ်​နိုင်​​ကြောင်း ရခိုင်​စာ​ရေးဆရာ ​ကို​ဝေဟင်​​အောင်​က သုံးသပ်​​ပြောဆိုထား​ကြောင်း သိရသည်​။

ရခိုင်​သမိုင်းသု​တေသီ မင်းပြား မင်းသိန်းစံက​တော့
အဆိုပါ ​ကျောက်​စာမှာ AD (၄)ရာစု ​လောက်​က ​ရေးထိုးခဲ့ဟန်​ရှိ​ကြောင်း သုံးသပ်​ထားပြီး ​ကျောက်​စာပါ စာသားများအား အဓိပ္ပါယ်​ဖွင့်​ဆိုနိုင်​ရန်​ ကြိုးစား​နေဆဲဖြစ်​​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့  )



SHARE THIS
Previous Post
Next Post