ဝမ်​​ပေါင်​ထံမှ ​ဒေသခံများက တစ်​နှစ်​စာ သီးနှံ​လျော်​​ကြေး ​တောင်းဆိုဆန္ဒပြ

(Local News)
Jan 16 , 2016

စစ်​ကိုင်းတိုင်း​ဒေသကြီးတွင်​ တရုတ်​နိုင်​ငံ၊ ဝမ်​​ပေါင်​ကုမ္ပဏီ​မှ လုပ်​ကိုင်​​နေ​သော လက်​ပံ​တောင်း​ကြေးနီစီမံကိန်းတူး​ဖော်​​ရေး လုပ်​ငန်းများလုပ်​ကိုင်​ရာ၌ ​မြေ​လျော်​​ကြေးမ​ပေး​ဆောင်​ရသည့်​ ​ဒေသခံမူလမြေယာလုပ်​ကိုင်​သူများ၏ လယ်​​မြေများအား ခြံစည်းခတ်​မှုနှင့်​ပတ်​သက်​၍ ​ဒေသခံများက ဇန်နဝါရီ ၁၆ရက် ၊ ​နေ့လည်​ ၂ နာရီခန့်​​လောက်​က  ဝမ်​​ပေါင်​ကုမ္ပဏီထံမှ တစ်​နှစ်​စာ သီးနှံ​လျော်​​ကြေးများ ​တောင်းဆိုဆန္ဒပြ​ကြောင်း သိရသည်​။

"လျော်ကြေးမယူတဲ့လယ်ယာမြေတွေကို ခြံစည်းရိုးခတ်လိုက်တဲ့အတွက် လယ်မလုပ်ခဲ့ရပါဘူး။ ဒါ့ကြောင့် တစ်နှစ်စာ သီးနှံလျော်ကြေးပေးဖို့ သွားရောက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်လယ်ယာမြေပေါ်မှာ လယ်မလုပ်ရတဲ့အတွက် ဒေသခံတောင်သူတွေ ဘဝရပ်တည်မှု အခက်အခဲဖြစ်ပါတယ်။" ဟု မြန်မာဝမ်ပေါင်ရုံးရှေ့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ မနွယ်နွယ်ဦးက ပြောသည်ဟု Mizzima News တွင်​ ​ဖော်​ပြထားသည်​။

ထိုဆန္ဒထုတ်​ ​လျော်​​ကြေး​ငွေ​တောင်းဆိုရာ၌ ​ဒေသခံ လူအင်​အား ၁၀၀ ​ကျော်​ခန့် ပါဝင်​ခဲ့​ကြောင်း ​သိရပြီး ည​နေ ၄ နာရီခန့်​လောက်​တွင်​ လူစုခွဲခဲ့ကြ​ကြောင်း သိရသည်​။

ဆန္ဒ ထုတ်​​ဖော်​သူများသည်​ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မြေယာလျော်ကြေး မယူသည့် လယ်ယာမြေများအတွက် သီးနှံလျော်ကြေး ရရှိရေး၊ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းအား သတ်ခဲ့သော တရားခံအား အမြန်ဆုံး ဖော်ထုတ်ပေးရေး၊ မီးလောင်ဗုံး အကြမ်းဖက်ခံရမှု တရားခံ ဖော်ထုတ်ပေးရေး၊ တို့အား ​ကြွေး​ကြော်​​တောင်းဆိုခဲ့ကြ​ကြောင်း Mizzima တွင်​ ​ဖော်​ပြထားပြီး ဤလက်​ပံ​တောင်း​တောင်​ ခြံစည်းခတ်​မှု​ကြောင့်​ ​ဒေသခံများနှင့်​ သက်​ဆိုင်​ရာတို့ ကြား ပြဿနာများစွာ ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )





SHARE THIS
Previous Post
Next Post