ပေါက်တောအမှတ် ၅ ရပ်ကွက်တွင်နေအိမ်တည်ဆောက်မည့်စီမံကိန်းအား ဒေသခံများပြင်းထန်စွာကန့်ကွက်

ပေါက်တောမြို့အမှတ် ၄ ရပ်ကွက်တွင် ဘင်္ဂလီများအား နေရာပြန်လည် ချထားရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်လျက်ရှိရာ ထိုစီမံကိန်းအား ဒေသခံ များက လုံးဝ ကန့်ကွက်ကြောင်းသိရသည်။

ုထိုသို့ ရွာပြန်လည်ချထားပေးခြင်းသည် တတိယအကြိမ် ရခိုင်ပြည်နယ်အတွင်း ပြဿနာဖြစ်အောင်ဖမ်တီးနေခြင်းဖြစ်ပြီး UN တွန်းအားကြောင့်သာ ထိုနေရာ တွင်ချထားပေးမည်ဆိုပါ ရခိုင်သားများတောင်းဆိုရာကိုလည်း ယူအမ်မှလက် ခံပေးရမည်ဖြစ်ကြောင်းနှင့် ရခိုင်သားများအတွက် လုံးဝထည့်တွက်မစဉ်းစား လျင် ပြန်လည်ပြဿနာဖြစ်လာပါက ဒေသဆိုင်ရာ တာဝန်ရှိသူများ၏တာဝန် သာဖြစ်ကြောင်းနှင့် ပဋပက္ခမဖြစ်နိုင်ကြောင်း လက်မှတ်ထိုးပေးမှသာ ဒေသခံ များကျေနပ်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

လုံးဝမသင့်တော်သော နေရာတစ်ခုတွင် ဘင်္ဂလီများကိုနေရာချထားပေးခြင်း သည် အစိုးရအဖွဲ့၏ လုပ်သင့်လုပ်ထိုက်သည်နှင့်ကင်းကွားနေကြောင်းနှင့် UN ကဲ့သို့ သော အဖွဲ့အစည်းများကိုပင် ပြည်နယ်အစိုးရအဖွဲ့မှ ကြောက်ရွိ့နေခြင်း သည် လွန်စွာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေကြောင်းလည်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ပြောဆိုကြပါသည်။
်from RSV

SHARE THIS
Previous Post
Next Post