ရိုဟင်ဂျာ အသုံးကို ရှောင်ရန် အိုးဘားမားကို ရခိုင်အမျိုးသားကွန်ရက် တိုက်တွန်း

ို အမေရိကန်သမ္မတ လိုလားသော အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အနှောက်အယှက်ဖြစ်စေသော ရိုဟင်ဂျာ အသုံးကို ရှောင်ရှားရန် အိုဘားမားကို ရခိုင်အမျိုးသားကွန်ယက်က မနေ့က အိပ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန်သံရုံးမှ တစ်ဆင့်ပေးပို့လိုက်သည်။ ”And the Rohingya hold themselves the same dignity as you do, and I do" ဆိုသည့်စကားရပ်နှင့် " The right of to live without threat that their families may be harmed or their home may be burned simply because of who they are or where they come from" ဆိုသည့် စကားရပ်များကို နောက်နောင် အသုံးမိစေရန် အိပ်ဖွင့်ပေးစာပေးရခြင်းဖြစ်ကြေင်း ယင်းပေးစာတွင် ပါရှိသည်။ ပထမ စကားရပ်သည် ရိုင်ဂျာအမည်ခံ ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် တိုင်းရင်းသားများကို တစ်တန်း တည်းထား ညွန်းဆိုရာရောက်နေကြောင်း၊ ရခိုင်ပြည်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ကိစ္စများမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ပဲ အကြမ်းဖက်ဝါဒနှင့် လူယဉ်ကျေးကမ္ဘာမှာ နေထိုင်သည့် လူသားများ အကြားဖြစ်ပွားရသည့် ပြဿနာ များသာ ဖြစ်ကြောင်း ယင်းစာတွင်ပါရှိသည်။ အကြမ်းဖက် ဖြစ်စဉ်များသည် ၈၈မျိုးဆက်ကျောင်းသားများ၊ အစ္စလာမ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားများအပါအ၀င် ငြိမ်းချမ်းရေးရှေးရှုသော ပူးတွဲကြေငြာချက်များကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နောက်နေ့တွင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အကြမ်းဖက်သမားများက မောင်တောမြို့နယ်တွင် အကြမ်းဖက်မှု ပြုလုပ်ခဲ့ကြောင်း ယင်းစာတွင် ဖော်ပြသည်။ ဒုတိယ အကြိမ် အကြမ်းဖက်မှုတွင်လည်း တိုင်းရင်းသားများက OIC ကို ကန့်ကွက်လိုက်သော အချိန်တွင် နိုင်ငံတကာစာမျက်နှာမှာ စာနှာထောက်ထားမှု ရရှိအောင် ကိုယ့်အိမ်ကို မီးရှို့လုပ်ကြံမှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ ဗြိတိသျှခေတ် သန်းခေါင်စာရင်းမှ ယနေ့အချိန်ထ သန်းခေါင်စာရင်းများတွင် ရိုဟင်ဂျာလူမျိုးမရှိခဲ့ကြောင်း ပါရှိသည်။
from rakhine citizen journalists

SHARE THIS
Previous Post
Next Post