နိုဝင်္ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့က ပြုလုပ်ခဲ့သော (၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အ
ထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင်များကို ရိုဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းကို မြန်မာဘက်က ပယ်ချလိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆို သည်မှာ မရှိကြောင်း၊ ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် သုံးနှုန်းဖော်ပြ ထားသော အသုံးအနှုန်း အပေါ် မိမိတို့ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အပြင်း အထန် ကန့်ကွက်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ ဘာသာရေးအရ ဖိနှိပ်မူကြောင့် ပေါ်ပေါက်လာသော အကြမ်း ဖက်မှုများ မဟုတ်ဘဲ လူမှု အဖွဲ့အစည်း နှစ်ခုအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မိကြောင်း၊ လူနည်းစု ရိုဟင် ဂျာ မွတ်ဆလင်များအပေါ် အကြမ်းဖက် ဖိနှိပ်မူများကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် လူနည်းစုဖြစ်သော သူတို့၏ အခွင့်အရေးကို အကာ အကွယ်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည်ဟု ဆိုသည်။
မြန်မာ ကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာ အမည်ခံထားသူများမှာ ရွှေ့ပြောင်း ၀င်ရောက်လာသူ များသာ ဖြစ်ကြောင်း၊ သူတို့ကိုယ် သူတို့ ခွဲခြားသတ်မှတ်ရန် ကြိုးစားနေရာတွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အဖြစ် မပြောဆိုဘဲ လူမျိုးစုတခု အဖြစ် သူတို့ဖာသာ ဖန်တည်း သတ်မှတ်ခြင်း မျိုးကို လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုများ အထဲတွင် ရိုဟင်ဂျာဆိုသော တိုင်းရင်းသားလူမျိုးစု မရှိပါကြောင်း၊ ယခုကဲ့သို့ သတ်မှတ်မူမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဖူး ပါကြောင်း၊ ဤကဲ့သို့ အခြေအနေမျိုးတွင် တိုင်းပြည်၏ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီပါက နိုင်ငံတွင်း မည်သည့် လူမှု အ၀န်းအ၀ိုင်းမဆို နိုင်ငံသားဖြစ်ခွင့်ကို မည်သည့် အခါမှ မငြင်းပယ်ခဲ့ဘူးကြောင်းနှင့် ငြင်းပယ်မှာလည်း မဟုတ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
မြန်မာအနေဖြင့် တတိယ ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ရိုဟင်ဂျာ အမည် သုံးစွဲခြင်းကို ကန့်ကွက်ကြောင်း ပြောဆိုသည်ဟု ရွိုက်တာ သတင်းတွင်လည်း ဖေါ်ပြသည်။
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ အခြေအနေအတွက် စိုးရိမ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူများ အားလုံးအတွက် အကာအကွယ်ပေး ရန် တောင်းဆိုချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။
(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမူရေး အဖွဲ့အစည်းများ၏ တစ်စုံတစ်ရာ တုန့်ပြန်မူများ ယနေ့ထိ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=3312
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)