ဘီဘီစီ၏ ရုပ်သံလိုင်းသုံးလိုင်း မြန်မာနိုင်ငံတွင် ပြသမည်

ဗြိတိန်၊ ဒီဇင်ဘာ - ၁၈ ဗြိတိသျှအသံလွှင့်ဌာန (ဘီဘီစီ)၏ အခပေးရုပ်သံလိုင်း သုံးလိုင်းအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်စတင်ပြသတော့မည်ဖြစ်ကြောင်း ဘီဘီစီက ကြေညာလိုက်သည်။ ကလေးငယ်များအတွက် In the Night Garden, Teletubbies နှင့် Mister Maker အစရှိသော ဇာတ်လမ်းများကို Cbeebies ရုပ်သံ လိုင်းမှလည်းကောင်း၊ Doctor Who နှင့် The Graham Norton Show စသော အစီအစဉ်များကို BBC Entertainment မှ လည်းကောင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၄ နာရီ ကမ္ဘာ့သတင်းများ တင်ဆက်သည့် BBC World News ကိုလည်း သီးသန့်လိုင်းတစ်လိုင်းမှ ထုတ်လွှင့်မည်ဖြစ်သည်။ ယင်းအပြင် အင်္ဂလိပ်ဘာသာဖြင့်ပင် BBC World Service in Asia အစီအစဉ်အား ဇန်န၀ါရီလ ၁ ရက်မှစ၍ Forever Group အခပေးရုပ်သံလိုင်းနှင့်ပူးပေါင်း၍ ပြသသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအား ကမ္ဘာကြီးသို့ ဖွင့်ပေးရာတွင် ဘီဘီစီ ပါဝင်နိုင်ခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း ဘီဘီစီကမ္ဘာ့သတင်းများဌာန ဒါရိုက်တာ ပီတာဟိုးရော့စ်က ပြောကြားသည်။ Ref : The Guardian

SHARE THIS
Previous Post
Next Post