စစ်တွေ ၊ ၂၄ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ပြီးခဲ့သော ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်းတောင်တန်းဒေသနေ ရခိုင်စကားပြော မရမာတိုင်းရင်းသူ မိန်းကလေးတစ်ဦးဖြစ်သည့် သောင်းမချေ (Thomaching) မှာ ဘင်္ဂါလီရွာတစ်ရွာအနီးတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။
ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ရင်္ဂါမတီခရိုင်၊ ကာအိုခါလီ မြို့နယ်အတွင်းရှိ ဘာရာဒူဘာပါရာ ကျေးရွာမှဖြစ်ပြီး၊ ကာအိုခါလီ မိန်းကလေး ကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်သည်။
အခင်းဖြစ်သည့်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင် ရွာအနီးစားကျက်တွင်လွှတ်ထားသော နွားများကို ပြန်သိမ်းရန် သောင်းမချေ တစ်ဦးတည်း အိမ်က ထွက်သွားခဲ့သည်။
သမီးဖြစ်သူ ပြန်မရောက်ဘဲ ကြာနေသည့်အခါကျမှ မိခင်ဖြစ်သူနှင့် သူမ၏ညီအစ်ကိုမောင်နှမများက လိုက်ရှာကြသည် ဟု ဆိုသည်။ နောက်ဆုံးတွင် မိခင်၏ မတ်ဖြစ်သူက သောင်းမချေ၏ အ၀တ်အစားမဲ့ အလောင်းကို နိုင်လာချာရီ (Nailachari) ဘင်္ဂါလီကုလားရွာ နှင့် အလွန်နီးသော နေရာတစ်ခုမှ ချုံဖုတ်များကြားတွင် တွေ့ရသည် ဟု ဆိုသည်။
စုံစမ်းစစ်ဆေးသူများက သောင်းမချေမှာ အသတ်မခံရခင် မုဒိမ်းကျင့်ခံရခဲ့သည် ဟု ယူဆကြသည်။ အလောင်း ကို ရင်္ဂါမတီမြို့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရန်အတွက် သယ်ဆောင်သွားခဲ့သည်။
သောင်းမချေ၏ ဦးလေးဖြစ်သူ ချိုင်သောင်းဝေဖြူ (Chaithowai Prue) က တရားလိုလုပ်ကာ ကာအိုခါလီ ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ပုလိပ်ဘက်မှ တရားခံတစ်စုံတစ်ယောက်ကို မှ သိရှိဖမ်းဆီးရမိခြင်း မရှိသေး ပေ။
ဘာရာဒူလူကျေးရွာ နှင့် အနီးတစ်ဝိုက်မှာ ယခင်က ရခိုင်အနွယ်ဝင် မရမာတိုင်းရင်းသားများသာ နေထိုင်ခဲ့ ကြသော်လည်း၊ ၁၉၈၀-ပြည့်လွန်နှစ်များမှစ၍ ဘင်္ဂါလီအခြေစိုက်သူများရောက်လာကာ မရမာများကို မိမိတို့ပိုင်မြေများထဲကနေ မောင်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မောင်းထုတ်မြေယာလုယူမှုမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။
လွန်ခဲ့သော တစ်လခန့်က မရမာတောင်သူများ၏ ဂျင်းစိုက်ခင်းများကို ဘင်္ဂါလီအခြေချသူများက လာရောက် ဖျက်ဆီးခဲ့ကြရာ၊ မရမာများက ချက်ချင်းပြန်စိုက်ပျိုးပြီး စိုက်ခင်းဖျက်ဆီးခံရမှုကို အမှုဖွင့်ထားသည်။ ယင်းအမှုတွင်လည်း အပြစ်ကျူးလွန်သူများမှာ အရေးယူခြင်းမခံရသေးဘဲ ရှိနေသေးသည် ဟု ဆိုသည်။
လူဦးရေ မတန်တဆပွားများနေသော ဘင်္ဂါလီတို့၏ နယ်မြေချဲထွင်မှု နည်းဗျူဟာများ ထဲမှ တချို့မှာ အနီးအနားကျေးရွာများကို မကြာခဏဖျက်ဆီးခြင်း၊ ယင်းကျေးရွာများမှ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း တို့ဖြစ်သည်။
ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံ ဘူးသီးတောင် မောင်တော ဒေသမှ ဒေသခံ ဌာနေတိုင်းရင်းသားများ နှစ်ပေါင်းရာချီခံနေခဲ့ရပြီးနောက် ၂၀၁၂-ခုနှစ် မေလထဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရာမှ မငြိမ်မသက်မှုများဖြစ်ခဲ့ရာ၊ တချို့သော မြန်မာခေါင်းဆောင် အချို့က ယင်းအရေးမှာ ဘာမှမဟုတ်သည့် မုဒိမ်းကျင့် လူသတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားသည်ဟု ပြောကြ သည်ကို ရခိုင်ဒေသခံ အတော်များများက စိတ်ပျက်မိကြောင်းကို Coral Arakan အား ပြောကြားသည်။
(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
