ကြည့်မြင်တိုင်မြို့နယ်ပည်ခိုင်ဖြိုးပြည်သူ့လွှတ်တော်အမတ်အား ကန့်ကွက်ရှုံ့ချဆန္ဒပြပွဲ

တရားဥပဒေနှင့်အညီ ပြုလုပ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ပျက်ပြားအောင် လုပ်သဖြင့် ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပြည်သူ့လွှတ်တော်အမတ်အား ကန့်ကွက်ရှုံ့ချဆန္ဒပြပွဲအား ဒီဇင်ဘာ ၂၃ ရက် နေ့လယ် ၃ နာရီက ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲသို့ ဒေသခံ တစ်ရာခန့်ပါဝင် ဆန္ဒပြခဲ့ကြပြီး ရပ်ရွာကို မလေးစားသော လွှတ်တော်ကိုယ်စားလှယ်အလိုမရှိနှင့် ဥပဒေကို နားမလည်သော လွှတ်တော်ကိုယ်စားလှယ် အလိုမရှိဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စလင်းကွင်းရှေ့မှ စတင်၍ ကမ်းနားလမ်းနှင့် သီတာလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရပ်မိရပ်ဖ ၅ ဦးအား အသက်ကြီးခြင်းနှင့် ပါတီဝင်ဖြစ်သည်ဟု ပြောဆိုပြီး သက်ဆိုင်ရာကို ကန့်ကွက်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပျက်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ယခုပြုလုပ်သော ဆန္ဒပြပွဲအား သက်ဆိုင်ရာက တရားဝင်ခွင့်ပြုပေးခဲ့သည်။

SHARE THIS
Previous Post
Next Post