မြန်မာစစ်တပ်ရဲ့ အရန်တပ်ဖွဲ့ အကြောင်း တစေ့တစောင်း...


မြန်မာ့တပ်မတော် အရာရှိအများစုနှုင့် ဖွဲ့ စည်းထား တဲ့ မြန်မာနိင်ငံရဲတပ်ဖွဲ့ အမည်ခံ မြန်မာစစ်တပ်ရဲ့ အရန်တပ်ဖွဲ့ အကြောင်း တစေ့တစောင်း...

တပ်မတော်ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မဟာဗျူဟာအရ နိုင်ငံတော်အတွက် အရေးကြုံလာလျှင် စစ်တပ်ရဲ့အရန်အင်အားအဖြစ် ဖွဲ့စည်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။

စစ်တပ်ပုံစံမျိုးဖြစ်သည့် ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်အပြင် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးအား ရဲမှူးချုပ်ရာထူးပေးကာ ထိပ်ပိုင်းမှာ ဒုရဲချုပ်နဲ့ ရဲချုပ်များက ကွပ်ကဲစေပါတယ်။

ရဲတပ်ရင်းများကွပ်ကဲရေးမှူးဟာ နောက်ပိုင်းမှာ စစ်တပ်က တပ်မတော် (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးနဲ့ အသွင်သဏ္ဍာန် တူလာပါတယ်။

ရဲတပ်ဖွဲ့များကိုလည်း စစ်ရေးပြလေ့ကျင့်မှု ပြင်းပြင်းထန်ထန် လေ့ကျင့်ခိုင်းသလို စစ်တပ်ပုံစံမျိုး သွတ်သွင်းစေခဲ့ပါတယ်။ ရဲတပ်ရင်းများကိုလည်း စစ်တပ်တပ်ရင်းပုံစံအတိုင်း၊ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရေး၊ တပ်ထောက်ဆိုပြီး ဖွဲ့စည်းပုံပြင်ကာ ခေတ်မီမောင်းပြန်သေနတ်များကို တပ်ဆင်စေပါတယ်။

ရဲတပ်ရင်းတွေရဲ့ တပ်ရင်းမှူးတွေနဲ့ အထက်အရာရှိကြီးတွေအများစုဟာ စစ်တပ်က ပြောင်းရွှေ့လာတာဖြစ်သလို ခုနောက်ပိုင်းဖွဲ့တဲ့ တပ်ရင်းတွေမှာလည်း အရာရှိရော အခြားအဆင့်တွေပါ တပ်မတော်မှ အသွင်ကူးပြောင်းသူတွေပဲများတာမို့ ရဲတပ်ရင်းအမည်ခံ စစ်တပ်လို့ပဲ ပြည်ထဲရေးနဲ့ နီးစပ်သူများက သုံးသပ်ကြပါတယ်။

ဥပမာ - လက်ပန်းတောင်းတောင် နှိမ်နှင်းတဲ့ကိစ္စမှာ အနီးကပ်ကြီးကြပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယုဟာ ရမခလက်အောက်ခံ ဒကစ (လောက်ကိုင်) မှ ခလရ (၁၂၅) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်သလို ဒုတိုင်းတပ်ဖွဲ့မှူးဖြစ်တဲ့ ဒုရဲမှူးကြီး သူရသွင်ကိုကိုကလည်း တပ်မတော်မှ အသွင်ကူးပြောင်းလာသူ ဖြစ်ပါတယ်။

ဆူပူအကြမ်းဖက်မှု နှိမ်နှင်းရေးမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ရင်းတွေရဲ့ ရဲတပ်ဖွဲ့ဝင်တွေအများစုဟာလည်း စစ်တပ်မှ ကူးပြောင်းလာသူတွေ ဖြစ်ကြပါတယ်။

မှတ်ချက်။။ photayokeking.org မှကောက်နုတ် တင်ပြပါသည်။
from thit htoo lwin blog

SHARE THIS
Previous Post
Next Post