ဘင်္ဂလာမှ ရခိုင်ပြည်နယ်ဘက်သို့ ကုလား ၆၀ ဦးအား မှောင်ခိုလမ်းများမှ ယမန်နေ့က ထပ်မံပို့ဆောင်ခဲ့ကြောင်း
သတင်းရရှိသည်။ယင်း မြန်မာ-ဘင်္ဂလာ နယ်စပ်မှောင်ခိုလမ်းများမှ တရားမ၀င် ပို့ဆောင်ခဲ့သော တပ်ဖွဲ့မှာ ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် ၁၇၊ ရဲတပ်ဖွဲ့နှင့် တာခ်နာမြို့နယ် အခြေစိုက် BGB အမှတ် ၄၂ တို့က ဖမ်းဆီးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ဒေသထုတ် ဆော်မူဒြကာထော် သတင်းက ဆိုသည်။
ယင်းသတင်းက ပို့ဆောင်ခြင်းခံရသူများမှာ ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ်နှင့် ကော့စ်ဘဇားခရိုင်များမှ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိပြီး ယင်းနေ့အတွင်း အတင်းအဓမ္မ ပို့ဆောင်ခြင်းဖြစ်ကြောင်း ဖေါ်ပြသည်။
BGBမှ ရခိုင်ပြည်သို့ အတင်းပို့ဆောင်သော ကုလားများမှာ ဘင်္ဂလာသို့ ကျူးကျော်ဝင်ရောက်ပြီး မှောင်ခိုစက်လှေများဖြင့် မလေးသို့ သွားရန် ပြင်ဆင်နေကြချိန် ဘင်္ဂလာအာဏာပိုင်များက စွပ်စွဲဖမ်းဆီးခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပို့ဆောင်ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိမြန်မာလူထုနှင့် အစိုးရ ဦးသိန်းစိန်က ယင်းကုလားများအား တဘက်ဘင်္ဂလာမှ ကျူးကျော်ဝင်ရောက် လာသူများ ဖြစ်ကြောင်းနှင့် မြန်မာတွင် ယင်းလူမျိုးမရှိကြောင်း နိုင်တကာသို့ ရှင်းရှင်းလင်းလင်း တရားဝင် ထုတ်ဖေါ် ပြောဆိုထားသည်။
ထိုကဲ့သို့ ကုလားများအား ရခိုင်ပြည်သို့ ပို့ဆောင်ခဲ့မှုအား BGB အမှတ် ၄၂ တပ်ရင်းမှူး ဇာဟိဒ် ဟာဆန်နှင့် ၁၇ တပ်ရင်းမှူး ခါလေကူဇ္ဖာမန် တို့က အတည်ပြုပြောဆိုသည်။
ဘင်္ဂလာက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်သို့ နိုဝင်္ဘာလအတွင်း ကုလားစုစုပေါင်း ၆၀၀ နီးပါးအထိ အတင်းအဓမ္မ တရားမ၀င် မှောင်ခိုလမ်းများမှ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကော့စ်ဘဇားမြို့မှ ထုတ်သည်သတင်းများအရ သိရှိရသည်။
from arkan time
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
