ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် အုပ်စု သပြေချောင်ကျေးရွာမှ ကိုသန်းတင်မောင် ၏ အခြေအနေမှာ အထူးစိုးရိမ်စရာ ကောင်းနေပါပြီ။
ရခိုင်ပြည်နယ် တကျော့ပြန် အရေးအခင်းတွင် သေနတ်ဒါဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် ရောက်ရှိနေခဲ့သော ကိုသန်းတင်မောင်မှာ ရရှိတဲ့ဒါဏ်ရာ သက်သာသွားပြီဖြစ်သော်လည်း လွန်ခဲ့သော ၅ လခန့်က ခွေးကိုက်ခံထားရရာမှ ခွေးရူးပြန်ရောဂါကြောင့် အရေးပေါ်ဆေးကုသမှု ပြုလုပ်နေသော်လည်း ပြန်ကောင်းလာနိုင်စရာ အခြေအနေမရှိတော့ဟု ဆရာဝန်ကြီးက ပြောလာသောကြောင့် ကိုသန်းတင်မောင်၏ အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ရှိနေပါသည်။ မိသားစုများနှင့်ဒေသခံ ရခိုင်လူမျိုးတို့မှာ အရမ်းကိုစိတ်မကောင်း ဖြစ်နေကြပါတယ်။ ကူညီစောင့်ရှောက်ပေးနေ ကြသော ရခိုင်အမျိုးသားကွန်ရက်မှ ညီငယ် ညီမငယ်များကို လည်း လေးစား ဂုဏ်ယူပါကြောင်း။
By Khaing Zan
[ CJ Corner / 25 December 2012 / Coral Arakan News ]
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)