ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ညက
တေးသံရှင်သားစိုး ယာဉ်တိုက်မှုဖြစ်
ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုမှာ ထိုနေ့ညက
MCC ဂီတဖျော်ဖြေပွဲမှ သီဆိုပြီး
အိမ်သို့ ပြန်လာသော သားစိုး၏ မော်တော်ယာဉ်မှ သီဆိုပြီး အိမ်သို့ ပြန်လာသော သားစိုး၏ မော်တော်ယာဉ်မှာ ပြည်လမ်းသုခကမ္ဘာ ဆေးရုံအနီးသို့ ရောက်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်သော လူနာတင်ယာဉ်မှ တဆင့် ရှေ့တွင် မောင်းနှင်နေသော တက္ကစီအဌားယာဉ်အား တိုက်မိကာ အဆိုပါ အဌားယာဉ်မှတဆင့် တစ်ဖက်ယာဉ်ကြောမှ သားစိုး၏ ကားကို ဖြတ်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်ကံကောင်းတာ။
ကျွန်တော်က ကားနောက်ခန်းမှာထိုင်နေတာ။ ဟိုဘက်က လူနာတင်ယာဉ်က တက္ကစီကို တိုက်တော့ တက္ကစီက ကျွန်တော့်ကားဆက်ကို အရှိန်နဲ့ ၀င်အောင်းတာ။
နောက်ခန်းပိုင်းကိုပဲ။ ဒါပေမယ့် ကားဘီးအလွိုင်းကို တိုက်လိုက်တဲ့အတွက် ကျွန်တော်ကိုင်နေတဲ့အပိုင်းကို အရမ်းမထိလိုက်ဘူး။
အရှိန်ကြောင့် ခေါင်းတော်တော်မူးပြီး ခါးတော့နာသွားတယ်´´ဟု တေးသံရှင်သားစိုးက ပြောသည်။
ထိုနေ့က ယာဉ်တိုက်မှုတွင် တက္ကစီကားမှာတော့ တော်တော်အခြေအနေဆိုးခဲ့ပြီး တစ်ဖက်လူနာတင်ယာဉ်မှာ ဂျပန်ဆေးရုံသစ်ကြီးမှ ဖြစ်ကြောင်းသိရကာ ထိုနေ့ညက ထိုဆေးရုံကြီးမှ တာဝန်ရှိသူများ ရောက်ရှိလာသော်လည်း မည်သို့မျှ ညှိနှိုင်းမှု မပြုလုပ်ခဲ့ကြောင်းလည်း တေးသံရှင် သားစိုးမှ ပြောသည်။
Popular News
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
