မင်းပြားမြို့နယ်တွင် ကျေးရွာများမှ ခြိမ်းခြောက် ငွေတောင်းခံများရှိနေ၊ မပေးလျင် ဖမ်းစီးမည်ဟုဆိုကာတောင်းယူခြင်းဖြစ်

မင်းပြားမြို့နယ်ရှိ ကျေးရွာများမှ ခြိမ်းခြောက် ငွေတောင်းခံများရှိ နေသည် ဟုသိရသည်။ ထိုတောင်းခံသောငွေများကို မပေးလျင် ဖမ်းစီးမည်၊ စစ်ဆေး မည်ဟုဆိုနေကြောင်းသိရသည်။ ယင်းအတွက် ရွာသားများသည် ကြောက်စိုးရိမ်ကြောက်ရွံ့ထိတ်လန့်သဖြင့် မရှိမဲ့၊ ရှိမဲ့ ရှာကြံပေးနေကြရကြောင်းသိရ သည်။ ဆံထိုးတန်းကျေးရွာနှင့် သာစည်ကျေးရွာ မီးလောင်မှုတွင် ရွာသားများပါဝင် သည်ဟုစွပ်စွဲကာ တောင်းဆိုခြင်းဖြစ် ကြောင်းလည်း ဒေသခံများထံမှသိရသည်။ ၂၂-၁၂-၂၀၁၂ နေ့တွင် ခြစ်တောင်ကျေးရွာမှ ငွေကျပ် ၃ သိန်း၊ ရွှေဇင်းခံ ကျေးရွာမှ ငွေ ၁ သိန်းကျပ်ကို မင်းပြား မြို့အလယ်ပိုင်းရပ်ကွက်မှ ဦးထွန်းဝေ၊ ဦးစံမြင့် ၊ဦးလှမောင်သာ တို့ကရယူခဲ့သည်။ ၂၃ -၁၂-၂၀၁၂ နေ့တွင် ခြစ် တောင်ရွာမှ ငွေ ၇ သောင်းကျပ်၊ ရွှေဇင်းခံ ကျေး ရွာ မှ ငွေ ၃ သောင်းကျပ်ကို မင်းပြားမြို့အလယ်ပိုင်းရပ်ကွက်မှ ဦးထွန်းဝေက ရယူပြီး ၂၃- ၁၂-၂၀၁၂နေ့ ကျိန်းထောင့်ချေ ကျေးရွာမှ ငွေ ၂ သောင်းကျပ်ကို မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးစံမြင့်မှ လက်ခံ ရယူသည်။ ကျိန်းထောင့်ချေကျေးရွာမှ ရွာသားများအား နောက်ထပ်ငွေ ၂ သိန်းကျပ် စုပေး ရမည်ဟုတောင်းသည်။ ထိုငွေများကို ၂၃- ၁၂-၂၀၁၂ နေ့တွင် ဦးစံမြင့်နှင့် ဈေး ဟောင်းပိုင်းရပ်ကွက်မှ ဦးစိုးဝင်း တို့က မှတဆင့် မင်းပြား မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်မောင်ချေ ကလက်ခံခဲ့ကြောင်းသိရသည်။ အကြောင်းမှာ ဆံထိုးတန်းကျေးရွာနှင့် သာစည်ကျေးရွာ မီးလောင်မှုတွင် ပါဝင်ပတ်သတ်နေသည့်အတွက် ထိုသို့ ပေးဆောင်ရခြင်းဖြစ်ကြောင်း လည်း ဒေသခံများမှ သိရသည်။ ငွေမပေးလျင် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ကိုပြုလုပ် သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ယခုလည်း ဤသတင်းထွက်ပေါ်လာလျင် ရွာသားများကို ပြန်လည်းခြိမ်း ခြောက်ခြင်း များနှင့်ဖမ်းဆီးခြင်း များကို ပြုလုပ်သွားနိုင်ကြောင်းလည်းသိရ သည်။ မင်းမြို့ပေါ်မှ ဒေသခံတစ်ချို့ကို သွားရောက်ကောက်ခံ စေကြောင်း လည်း သိရပါသည်။ လုံးဝမလုပ်သင့်ပါသဖြင့် အမြန်ဆုံးစစ်ဆေးပေးနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ရခိုင်သားများ ကုန်တော့မည်။ ဒေသခံများကို နှိပ်စက်ခြင်းမှ ကာကွယ်ကြပါ ဟု တိုက်တွန်းလိုက်ပါသည်။ from RSV

SHARE THIS
Previous Post
Next Post