လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အဲပုဂံ၏ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တာဝန်ရှိသူများက လေယာဉ်အပျက်အစီးကို စစ်ဆေးကြည့်ရှု့နေခိုက်
လေယာဉ်ပျက်ရှိရာသို့ လာရောက်ကြည့်ရှု့သူများကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ Photo: U Ye Htut Facebook
မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ပထမအသုတ် ခရီးသည် ၂၄ ဦးသည် Asian Wings လေကြောင်းဖြင့် ဟဲဟိုးလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လာနေပြီဖြစ်ပါသည်။

၎င်းခရီးသည်များမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း၊ အနည်းငယ်ပွန်းပဲ့ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့ခြင်းကြောင့် အဲပုဂံလေကြောင်းလိုင်းမှ ၄င်းတို့၏ နေအိမ်နှင့် တည်းခိုရာ ဟိုတယ်များသို့ တိုက်ရိုက်မပြန်စေဘဲ ဝိတိုရိယဆေးရုံကြီးတွင် လိုအပ်သော စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိပါသည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ခရီးသည်များ သွားလိုရာသို့ လေကြောင်းလိုင်းမှ လိုက်လံ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

SHARE THIS
Previous Post
Next Post