ယနေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်


ယနေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ၂၂၆ ယာဉ်လိုင်းမှခရီးသည်တင်ယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော ကိုယ်ပိုင်ယာဉ် ၆ စီးကို ၀င်တိုက်မိရာမှ လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်နှင့် လမ်းလျှောက်နေသောလူအပါအ၀င် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။ ၂၂၆ ယာဉ်မှယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)

SHARE THIS
Previous Post
Next Post