၈၈ကျောင်းသားများ ကချင်ပြည်နယ်သွားမည်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဦးဆောင်သော အဖွဲ့ဝင်လေးဦး ကချင်ပြည်နယ်သို့ ဇန်န၀ါရီလ ၁ ရက်တွင် သွားရောက်မည်ဟု အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးကပြောသည်။

ကချင်စစ်ပွဲ ငြိမ်းချမ်းရေးအတွက် အချက်အလက်များကို ရှာဖွေရန် ကချင်စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။

"လိုင်ဇာအထိ ရောက်အောင်သွားမယ်။ သဘောထားကြေညာချက်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမယ်"ဟု ကိုမြအေးက ဒီဇင်ဘာ ၃၁ ရက် ကချင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်အဟုန် မြင့်တက်နေခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထား ကြေညာချက်ကို ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 
7Day News Journal
၈၈ကျောင်းသားများ ကချင်ပြည်နယ်သွားမည် 
ရန်ကုန်- ဒီဇင်ဘာ ၃၁ 

SHARE THIS
Previous Post
Next Post