၂၀၁၁ခုနှစ်
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် ဆန်ကာတင်ရုပ်ရှင်ကား ၅ကား ကျန် ရှိ နေ ပြီး၊
အဲ့ ဒီ ဇာတ် ကား တွေကတော့ ထာဝရအလင်းတန်း၊ပန်းကြာဝတ်မှုန်၊ ၀ဋ်ကြွေး၊ရင်ကွဲနာနဲ့ အမွှေဇယားတို့ ဖြစ်တယ်လို့ အ လင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောပါတယ်။
အကယ်ဒမီရနိုင်တဲ့ သရုပ်ဆောင်တွေကတော့ မင်းသားမှာ ပန်းကြာဝတ်မှုန်ဇာတ်ကားက
နိုင်းနိုင်းနဲ့ ထာဝရ အ လင်းတန်းက နောင်နောင်တို့ တစ်ပြေးနေတယ်လို့
ဆိုပါတယ်။
မင်းသမီးကတော့ ပန်ကြာဝတ်မှုန်နဲ့ ၀ဋ်ကြွေး ၂ကားလုံးမှာ
ပါဝင်သရုပ်ဆောင်ထားတဲ့ သက်မွန်မြင့်၊ ဒါရိုက်တာ ဆု ကတော့
ပန်းကြာဝတ်မှုန်ဇာတ်ကားရိုက်တဲ့ စင်ရော်မောင်မောင်နဲ့ ထာဝရအလင်းတန်းရိုက်ကူးတဲ့ ထွန်း အောင်ဇော်တို့ တစ်ပြေးနေပါတယ်။
အမျိုးသားဇာတ်ပို့ဆုတွေကိုတော့ လူမင်းနဲ့ မော့စ်၊အမျိုးသမီးဇာတ်ပို့ဆုတွေ ကိုတော့ ထွန်းအိဒြာဗိုလ်နဲ့ ချစ်စနိုး ဦး တို့ ရနိုင်ကြောင်းလဲ ဦးဝင်းငြိမ်းက ခန့်မှန်းပြောကြားပါတယ်။
ဇာတ်ညွှန်းဆုကို ပန်းကြာဝတ်မှုန်ကား ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာ နေ၀င်းမြင့် ရနိုင်တယ်လို့လဲ ဆိုပါတယ်။
from DVB
SHARE THIS