ဝံလက်ဖောင်ဒေးရှင်းမှ ကွန်ပျူတာ သင်တန်းဆင်းပွဲပြုလုပ်

၂ / ၁၁ ရခိုင်မျိုးချစ်များ (သို့)ရခိုင်မျိုးချစ် ၃၄ ယောက်(နယ်သာလန်နိုင်ငံ)မှ လှူဒါန်းငွေဖြင့် ဖွင့်လှစ်သော ကွန်ပျူတာသင်တန်းကို ဝံလက်ဖောင်ဒေးရှင်းမှတဆင့် ဦးစီးဦးဆောင်ပြီး ရက်သတ္တပတ် ၅ ပတ်ကြာပြသပေးခဲ့ပါသည်။ ထိုကွန်ပျူတာသင်တန်းသို့ ရခိုင်လူငယ် (၁၅၀)ခန့်က တက်ရောက်ခဲ့ပြီး ကွန်ပျူတာ Email & Internet သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၃-၁၂-၂၀၁၂ ရက် နေ့လည် (၁း၀၀)နာရီတွင် စေတနာမိုးကဖီး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ သင်တန်းသားသင်တန်းသူများ၊ ဝံလက်အဖွဲ့သူအဖွဲ့သားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုံစုံညီညီတက်ရောက်ခဲ့ကြသည်။ သင်တန်းကို Citizen Journalism အတွက်အထောက်အကူဖြစ်စေရန် နှင့် ရခိုင်လူငယ်များကြား ICT သတင်းအချက်လက်နှင့် နည်းပညာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဝံလက်မှပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူသင်တန်းသားပေါင်း ၁၅၀ ခန့်ကို သင်ရိုးပြီးမြောက်အောင်မြင်အောင် သင်ကြားပေးနိုင်ခဲ့သည်။ နောက်ထပ်လည်း ရခိုင်လူငယ်များအတွက် အလားတူ Capacity Build Up သင်တန်းများကို ရခိုင်ပြည်နယ်မြို့များအနှံ့ ဖွင့်လှစ်သွားနိုင်ရန် ဝံလက်ဖောင်ဒေးရှင်းမှ ကြိုးပမ်းစီစဉ်လျက်ရှိပါဟု စုံစမ်းသိရှိရပါသည်။ from RSV

SHARE THIS
Previous Post
Next Post