ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နေ ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက်
ကေအိုင်အေ တပ်ရင်း (၃) ဒေသဖြစ်သော ဆဒုံ၊ ဆဂပါ ဒေသ
များရှိ ပြည်သူများကိုဗမာအစိုးရမှအတင်းအကျပ်ဘုရားကျောင်း၊
ကျောင်း နှင့် ဆေးရုံ ဆေးခန်းများ၏ ခေါင်မိုးများကို ဆေးသုတ်
လိမ်းခိုင်းနေကြောင်း သတင်းရရှိပါသည်။ဗမာအစိုးရမှဤသို့
ခေါင်မိုးများကို ဆေးသုတ်လိမ်းခိုင်းရာ ဘုရားကျောင်းခေါင်မိုး
များတွင် အပြာရောင်သုတ်လိမ်းခိုင်းပြီး အဖြူရောင်ဖြင့် လက်ဝါး
ကပ်တိုင်ပုံ များကို ရေးဆွဲထားခိုင်းပြီး၊ ကျောင်း နှင့် ဆေးရုံ၊ ဆေး
ခန်းများ၏ အမိုးများတွင် အနီရောင် သုတ်လိမ်းခိုင်းပြီး ဆေးဖြူဖြင့်
စာလုံးများ ထင်ထင်ရှားရှား ရေးထိုးထားရန် ညွန်ကြားထားကြောင်း
သတင်းရရှိပါသည်။ ဗမာအစိုးရမှ ပြည်သူများကို သတိပေးပြော
ဆိုရာတွင် စစ်လေယာဉ်များဖြင့် တိုက်ခိုက်သွားမည်ဟု ပြောကြား
ကြောင်း ဒေသခံများမှ သိရှိရပါသည်။
(source-jinghpawkasa)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
