By Thaung Kwre
စစ်တွေ ၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လက်ဆင်တန်မြို့ (Lexington ) ရဲ့ ဟိုတယ်ခန်းမတစ်ခုမှာ အမေရိကန်ရောက် ရခိုင်အမျိုးသား လေးဆယ်ခန့်တို့ ဒီဇင်ဘာ (၂၅) ရက်နေ့မှာ စုဝေးတွေ့ဆုံကြပြီး သကာလ၊ ကမ္ဘာလုံးဆိုင်ရာ ရခိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာရေးအတွက် ဆွေးနွေးခဲ့ကြတယ်။
ပထမအဆင့်အနေနဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းက ဒီအရေးအောင်မြင်ရေးအတွက် စည်းရုံးလှုပ်ရှားသူများစာရင်းကို စတင် စုဆောင်းသတ်မှတ်နိုင်ခဲ့ကြတယ် လို့ ဆိုတယ်။
လက်ရှိအခြေအနေမှာ နိုင်ငံရေးထက် လူမှုရေးလှုပ်ရှားမှုတွေကို အလေးကဲတဲ့ ကမ္ဘာ့ရခိုင်အသင်း (World Arakanese Organization) ၊ခေါ်၊ WAO ရှိတယ်။ နောက်ပြီးတော့ မကြာသေးခင်က ရခိုင်ပြည်တွင်းမှာ ရခိုင်ပြည်နယ် (၁၈)မြို့နယ်က တက်ကြွလှုပ်ရှားသူတွေ ဟာ တောင်ကုတ်မြို့မှာ စုဝေးတွေ့ဆုံပြီး ရခိုင်လူမှု ကွန်ရက် ဆိုတာကိုလည်း ဖွဲ့စည်းခဲ့ကြသေးတယ်။
ရခိုင်အမျိုးသားရေးမှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ့် Arakanese Agency တစ်ရပ် ပေါ်ထွန်းလာရေးအတွက် မျှော်လင့်နေကြတယ်လို့ ရခိုင်ရေးရာတက်ကြွလှုပ်ရှားသူတွေက Coral Arakan ကို ပြောပါတယ်။
( Coral Arakan အတွက် သောင်းကြွယ်ရေးသားသည်။)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
