၊ ကျောက်ဖြူမြို့နယ်ရှိ ဆားကွင်းဘင်္ဂလီစခန်းတွင် ပြောင်းရွှေ့နေထိုင်နေသော ဘင်္ဂလီများ၏ကြိုတင်ကြံဆ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဆားကွင်းဘင်္ဂလီစခန်းတွင် ပြောင်းရွှေ့နေထိုင်နေသော ဘင်္ဂလီများသည် (၂၇.၁၂.၂၀၁၂) နေ့လည်(၁၁း၀၀)နာရီခန့်တွင်ကျောက်ဖြူမြို့စည်ပင်သာယာဈေးအတွင်းသို့ လုံးခြုံရေးတယ်ဖွဲဝင်များနှင့်အတူ ဈေးဝယ်ရန်ရောက်ရှိလာကြသည်အတွက် ဒေသခံဈေးသူးဈေးသားများက ဈေးတွင်းမ၀င်ရောက်ရေးအတွက် ကုန်ပစ္စည်းများကိုမရောင်းချခဲ့ကြပေ၊ တည်ငြိမ်စပြုနေသော ဒေသအခြေအနေသည် ထိုအဖြစ်ပျက်ကြောင့်လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြသည်။ သို့အတွက်ကြောင့် နောက်နောင်မလိုလားအပ်သောပြသနာများမဖြစ်ပေါ်စေရန် ကြိုတင်၍(၂၈.၁၂.၂၀၁၂) နေ့လည် (၁၁း၀၀)နာရီလောက်တွင် ဈေးကော်မတီနှင့် ဈေးသူဈေးသား (၅၀)ခန့်တို့သည် ခ၇ိုင်အုပ်ချုပ်ရေးမှုးရုံးသို့သွားရောက်၍ အခြေနေများကိုတင်ပြဆွေးနွေးခဲ့ရာ ခရိုင်အုပ်ချုပ်ရေးရုံးမှ နောက်နောင် ဤသို့မဖြစ်ရအောင်စီစည်ဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့သည်။ သို့သော် ထိုသို့ပြောပြီး မကြာမီ နေ့လည်(၁း၃၀) နာရီခန့်တွင် ဆားကွင်းဘင်္ဂလီစခန်းမှ ဘင်္ဂလီများသည် လက်နက်ကိုင်လုံခြုံရေးအစောင့်များနှင့်အတှုရောက်ရှိလာပြီး ဈေးဝယ်ရန်ကြိုးစားရာ ဈေးသူဈေးသားများက ဈေးထဲမ၀င်ရောက်စေရန် ဈေးအ၀ကိုပိတ်ဆို့၍ထားကြလေသည်။ ဒေသခံများ ဈေးကော်မတီနှင့်ဈေးသူဈေးသားများသည် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှ ပြောစကားနှင့်လက်ရှိအခြေအနေ ဖြစ်ပေါ်မှုအပေါ် နားမလည်နိုင်အောင်ဖြစ်နေကြပြီး သံသယစိတ်များနှင့် တစုံတရာဖြစ်ပေါ်လာပါက ခုခံတားဆီးနိုင်ရန် နည်းလမ်းများကိုကြိုတင်ကြံဆနေကြသည်။

SHARE THIS
Previous Post
Next Post