လေးစား ဂုဏ်ယူပါတယ် နွယ်လင်းရှိန်


အဲ ပုဂံ လေယာဉ် မတော်တဆမှုမှာ အသက်ပေးခဲ့တဲ့
ရပ်စောက်မြို့နေ ဦးထွန်းရှိန် ဒေါ်စန်းစန်းထက် တို့ရဲ့ သမီးကြီး
ဧည့်လမ်းညွှန် မ နွယ်လင်းရှိန် ဟာ သူမ တာဝန်ယူ
ဆောင်ရွက်ပေးနေတဲ့ နိုင်ငံခြား ဧည့်သည်တွေ
အသက်ဘေးက လွတ်ဖို့ ဦးစားပေး ဆောင်ရွက် ကယ်တင်ရင်း
အသက်စွန့် သွားရရှာတယ်လို့ ကြားသိရပါတယ်။

ပွင့်လန်း ထင်ရှားလာတဲ့ မြန်မာ့ ခရီးသွား လုပ်ငန်းမှာ
မြန်မာ ဧည့်လမ်းညွှန်တွေရဲ့ တာသန်သိမှု စေတနာထားမှုကို
မြန်မာလူမျိုးတို့ ကိုယ်စား အသက်စွန့် ပြသွားသူပါ။

မီးလောင်မှန်းသိပြီး ကိုယ်လွတ်ရုန်း ပြေးလို့ ရသည့်တိုင်
လေယာဉ်ပေါ်မှာ သူမ၊ နောက်ဆုံး ကျန်ရင်း
ဧည့်သည်တွေကို ဦးစားပေးလို့ အသက်စွန့်ခဲ့ရသူဖြစ်ပါတယ်။

စွန့်လွှတ် စွန့်စား မြန်မာ့ စိတ်ဓါတ် နဲ့ စေတနာ
မြန်မာ့ ခရီးသွားလုပ်ငန်းအတွက် စံပြနမူနာ
မြန်မာ့ သမီးကောင်း နွယ်လင်းရှိန် အတွက်
ကျနော်တို့တွေ ဂုဏ်ယူထိုက်တယ်လို့ သတ်မှတ်ရင်

သူ့အတွက် နိုင်ငံတော်က အသိအမှတ်ပြုပေးဖို့
ဒီ စာပိုဒ် ကလေးကို ဖြန့်ဝေရင်း
ကျနော်တို့ တတ်နိုင်သမျှ ဂုဏ်ပြုပေးကြရအောင်ဗျာ . . ။

နှမလေး နွယ်လင်းရှိန် ငြိမ်းချမ်းရာ ဘုံဘ၀မှ
ဂုဏ်ယူ ၀င့်ကြွားနိုင်ပါစေသတည်း . . . ။ ( By Su Tin )

SHARE THIS
Previous Post
Next Post