တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်ပင်ပင်ပမ်းပမ်းလုပ်
ကိုင်နေရတတ်ခြင်း၊ လူမူရေးများ
ဆက်တိုက်လုပ်နေရခြင်း၊နေရာ
အတည်တကျမဖြစ်ခြင်း၊အစားအသောက်များအဆင်
မပြေခြင်းများဖြစ်နေတတ်သည်။ထို့ကြောင့်စိတ်ညစ်နေရတတ်သည်။
ငွေများဝင်သော်လည်းငွေအဖတ်မတင်ဖြစ်နေတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်နေရသလိုဖြစ်နေတတ်သည်။
အမိနိုင်ငံပြန်ချင်နေသော်လည်းမပြန်နိုင်အောင်ဖြစ်နေတတ်သည်။ အစစအရာရာစိတ်တိုင်းမကျဖြစ်နေတတ်သည်။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲနေတတ်သည်။
အချစ်ရေး။ စိတ်ချစွာအေးအေးဆေးဆေးနေသောကြောင့်စိတ်တိုခြင်း
ခံနေရတတ်သည်။ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ
ဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်။
( ၉ ၁ ၀ ၀)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ကားဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ တိုက်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
နိုင်ငံရပ်ခြားမှလက်ဆောင်ရခြင်း၊ လူမျိုးခြားကူညီမှုရခြင်း၊ နိုင်ငံရပ်ခြားခရီး
သွားရခြင်းများဖြစ်တတ်သည်။
အလုပ်တွင် တိုးတက်ခြင်း၊ စီးပွားတက်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်ပြင်
ဆင်နေခြင်းဖြစ်တတ်သည်။အောင်မြင်မည့်အချိန်ဖြစ်နေတတ်သည်။
လက်အောက်ငယ်သားကောင်းများကိုကူညီမှုများပေးနေရတတ်သည်။
လစာတိုးခြင်း၊ ၀င်ငွေကောင်းခြင်း၊ ရာထူးတိုးခြင်းများဖြစ်နေတတ်သည်။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ရေခြားမြေခြားနေနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံ
ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၂ ၇ ၃ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလုပ်နားနေရတတ်ခြင်း၊ အမိနိုင်ငံပြန်ရတတ်ခြင်း၊ ဆွေမျိုးသားချင်းများ၊
မိတ်ဆွေဟောင်းများနှင့်ပြန်လည်တွေ့ဆုံရခြင်းဖြစ်တတ်သည်။ ဘုရားဖူး
ခရီးသွားရခြင်း၊ လူမူရေးကိစ္စများလုပ်ကိုင်နေရခြင်းဖြစ်နေတတ်သည်။
ငွေများစွာကုန်နေခြင်း၊ ၀င်ငွေမကောင်းဖြစ်နေခြင်း၊
ငွေအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ အင်တာဗြူးဖြေနေရတတ်ခြင်း၊
ပညာသင်ရခြင်း၊သင်တန်းတက်ရခြင်းများဖြစ် တတ်သည်။ အစားအစာများ
လက်ဆောင်ရတတ်သည်။ကျန်းမာရေး။ အအေးမိပြီးနှာစီး၊ ချောင်း
ဆိုးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အချစ်ကိုတမ်းတမ်းတတဖြစ်နေချိန်ဖြစ်နေသည်။ အထီးကျန်
လွမ်းနေရတတ်သည်။ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ
ဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၃ ၆ ၄)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လူမျိုးခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ကိုင်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ငွေများစွာဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်းလဲရခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊
ပြည်တွင်း၊ ပြည်ပခရီးသွားရခြင်းများဖြစ်တတ်သည်။
အလုပ်တွင်စိတ်တိုင်းမကျစရာများဖြစ်နေတတ်သည်။ လူပင်ပမ်းခြင်း၊
စိတ်ပင်ပမ်းခြင်းဖြစ်နေတတ်သည်။ အရေးကြီးစာရွက်
စာတမ်းသတိထားပါ။ စာချုပ်စာတမ်းအာမခံခြင်းများမလုပ်ပါနှင့်။
မိမိကိုအမှုပတ်တတ်သည်။လုပ်ငန်းမတိုးချဲ့ပါနှင့်စိတ်ညစ်ရပြီး
မအောင်မြင်သေးသောအချိန်ဖြစ်သည်။
ကျန်းမာရေး။ ဆီးအောင့်နေခြင်း၊ ဆီးကျင်ခြင်းဖြစ်နေတတ်သည်။အချစ်ရေး။ ပုံမှန်အတိုင်းအေးအေးဆေးဆေးဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၅ ၁ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အလုပ်များပြင်းပြင်းထန်ထန်လုပ်ကိုင်နေရတတ်သည်။ အသွားအလာ
လည်းများနေတတ်သည်။|၀င်ငွေများလည်းကောင်းသည်။ ထွက်ငွေများလည်းကုန်စရာများဆက်တိုက်ဖြစ်နေတတ်သည်။
ရပ်ဝေးမှမိတ်ဆွေများရောက်လာတတ်သည်။ မိမိရစရာရှိနေသောငွေများပြန်
ရခြင်းဖြစ်နေသည်။မိမိအာမခံထားသောကိစ္စများလည်းအဆင်ပြေစပြု
လာသည်။
ဘာသာရေးလည်းအဓိဌာန်များပြင်းပြင်းထန်ထန်လုပ်နေရတတ်သည်။ လုပ်ငန်းတွင်လက်အောက်ငယ်သားများကြိုးစားခြင်းကြောင့်အစစအရာ
ရာအောင်မြင်နေသည်။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျစ်သီးဖျာ်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၀ ၉ ၁ )
သောကြာသားမီးများ၏ကံကြမ္မာ
စုတ်၊ လာဘ်အားကောင်းနေခြင်း၊ ၀င်ငွေကောင်းနေခြင်း၊ လက်ဆောင်ပစ္စည်းများရခြင်းများဖြစ်နေတတ်သည်။
မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်း၊ မိတ်ဆွေသစ်များ
ရခြင်းဖြစ်နေတတ်သည်။ မိမိအလုပ်တွင်
နာမည်ဂုဏ်သတင်းကောင်းရနေတတ်ခြင်း၊ အလုပ်များနေခြင်း၊
လက်ရှိအလုပ်တွင်လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။ နိုင်ငံရပ်ခြားနှင့်
ပတ်သက်သောကိစ္စများ၊ သတင်းကောင်းများအဆက်အသွယ်ကောင်း
များတခုပြီးတခုဖြစ်လာတတ်ခြင်းများဖြစ်နေတတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိကိုတဘက်သတ်အသဲအသန်စိတ်ဝင်စားသူတွေ့နေ
ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၉ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်ခြင်း၊ လူမျိုးခြားမျာ၏ကူညီမှုရခြင်း၊ နိုင်ငံခြားနှင့်ပတ်
သက်သောလုပ်ငန်းများလုပ်ကိုင်ရခြင်း၊စာမေးပွဲဖြေရခြင်း၊
အင်တာဗြူးဖြေဆိုစရာဖြစ်လာခြင်းများဖြစ်နေတတ်သည်။
ကွန်ပြူတာဝင်ခြင်း၊ဖုန်းအသစ်ဝင်ခြင်း၊ ငွေများကုန်နေတတ်ခြင်းသည်
အကျိုးမရှိကုန်နေတတ်ခြင်းများဖြစ်နေတတ်သည်။
မိဘနှင့်ပတ်သက်သောကိစ္စများမိမိကတာဝန်ယူဖြေရှင်းနေရတတ်သည်။
အလုပ်တွင်ရာထူးတိုးခြင်း၊လစာတိုးခြင်းများဖြစ်နေတတ်သည်။
ကျန်းမာရေး။ နှာစီး၊ ချောင်းဆိုးပြီးဖျားနေတတ်သည်။
အချစ်ရေး။ စိတ်သဘောထားခြင်းမတိုက်ဆိုင်သလိုဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား
ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၁ ၃ )
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513 , +6018 2250 510
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)