နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်(၂၆-၁၂-၂၀၁၂) ရက်နေ့တွင် ပြောကြားသောမိန့်ခွန်း

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် (၂၆-၁၂-၂၀၁၂) ရက်နေ့တွင် ပြောကြားသောမိန့်ခွန်းတွင်Teleprompter အား ပထမဆုံးအကြိမ် အသုံးပြု Wednesday, December 26, 2012 (၂၆-၁၂-၂၀၁၂)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပသော အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အုပ်ချုပ်လုပ်ကိုင်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အစိုးရဌာနအဖွဲ့အစည်းများသို့ လမ်းညွှန် မိန့်ကြားသည့် အခမ်းအနားကို ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် သမ္မတကြီး ဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားရာတွင် Teleprompter ကိရိယာကို အသုံးပြုပြောကြား သွားကြောင်းတွေ့ရှိရပါသည်။ ၎င်းကိရိယာသည် နိုင်ငံခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ လူထုသို့ မိန့်ခွန်းပြောကြားရာတွင် မိန့်ခွန်းစာရွက်အား ဖတ်နေစရာမလိုဘဲ မိမိရှေ့တွင်ရှိနေသည့် ပရိသတ် ကို ကြည့်ရှုပြောကြားနိုင်သည့်ကရိယာတစ်မျိုးဖြစ်သည်။ ပြောကြားသူနှင့် ပရိသတ်အကြားတွင် Teleprompter ကိရိယာကို ထားရှိ ပြီး ၎င်း Teleprompter မှန်ချပ်တွင် ပြောကြားရမည့် မိန့်ခွန်းစာသားများ ပေါ်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ နိုင်ငံအကြီးအကဲများတွင် သမ္မတ ဦးသိန်းစိန်သည် Teleprompter ကိရိယာအား ပထမဆုံး အသုံးပြုသူ ဖြစ်နိုင်သည်။ သမ္မတ ဦးသိန်းစိန်၏မိန့်ခွန်းတွင် “နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှုရှိမရှိ တိုင်းတာသော စံများအရ များစွာအားနည်း နေသေးတာကို တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောက်ရွက်ရမယ့် အချက်များနှင့် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့ မှာကြားလိုပါတယ် တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသား အကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်း ပေးကြပါလို့ ပန်ကြားလိုပါတယ်။ ပြည်သူဘဏ္ဍာများကို ရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း နိုင်ငံသားကောင်းများ အနေနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ တစ်ဦးချင်း တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ဆောင်ရွက်သွားကြပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် စိတ်ဓာတ်ကောင်းကောင်း စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်” ဟု နိဂုံးချုပ် ပြောကြားခဲ့ပါသည်။ ၎င်း Teleprompter အား အမေရိကန်သမ္မတအဆက်ဆက် အခမ်းအနား ဟောပြောပွဲများတွင် အသုံးပြုလျက်ရှိပြီး အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားရာတွင်လည်း ၎င်း Teleprompter ကို အသုံးပြု ပြောကြားခဲ့သည်။ MON

SHARE THIS
Previous Post
Next Post