လက်နက်နဲ့ လက်ဆောင်လဲလှယ်

စင်ဒီမူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း လက်နက်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတချို့ စတင်တွေ့လာနေပါပြီ။ လော့စ်အင်ဂျလီစ်မြို့တော်ဝန်က လက်နက်ပြန်ဝယ်တဲ့ အစီအစဉ် စတင်နေရာမှာ အော်တိုမက်တစ် လက်နက်ကြီးပြန်အပ်သူကို $၂၀၀ တန် လက်ဆောင်ကဒ်ပေးပြီး လက်နက်ငယ်အပ်သူတွေကို ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကဒ် ပေးအပ်ပါတယ်။ ဒီအစီအစဉ်ကို လော့စ်အင်ဂျလီစ်မှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး သာမန်အားဖြင့် မေလမှာ လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ နယူတောင်း ပစ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ အထူးလုပ်ရပ် တခုအဖြစ် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အထိ လက်နက်မျိုးစုံ စုစုပေါင်း အလက် ၁၉၀၀ နီးပါးရှိထားတယ်လို့ သိရပါတယ်။ လက်နက်ပြန်လာအပ်ကြတဲ့ ကားတန်းကြီးကနေ ရဲတွေက လက်ခံရယူပြီး မိမိရဲ့နာမယ် လိပ်စာစတဲ့ အချက်အလက်တွေ ပေးအပ်ဖို့ မလိုအပ်ဘဲ အပ်နှံနိုင်တယ်လို့ သိရပါတယ်။ M (ဓာတ်ပုံ- ရိုက်တာ။ လော့အိန်ဂျလီစ်မှာ လက်နက်လာရောက်အပ်နှံကြတဲ့ ကားတွေဆီကနေ ရဲအရာရှိတွေ လက်နက်လိုက်သိမ်းနေပါတယ်။) Burma-Newselite from thit htoo lwin

SHARE THIS
Previous Post
Next Post