ဤမှန်သော စကားကို နားနှင့်ဆတ်ဆတ် ကြားခဲ့ ဖူးပါသည်

ကုန်ခဲ့ သော ကမ္ဘာ့ကုလသမ္မဂညီလာ ခံကို မြန်မာနိုင်ငံအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ ဝင်တွေ တက်ရောက်ခဲ့ ကြသည် ။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်ခဲ့ ရာ နယူးယောက်မြို့ တွင် ယင်းညီလာခံအပြီး မြန်မာ့ကွန်မြူနီတွေနဲ့  လူထုတွေ့ ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့ သည် ။ ၀ါရှင်တန်မြို့ တွင် ၀န်ကြီးဦးအောင်မင်းကမြန်မာ့ကွန်မြူနီတီတွေနဲ့  တွေ့ ဆုံခဲ့  သလို နယူးယောက်မြို့ မှာ ၀န်ကြီးဦးစိုးသိန်းက ၄င်းကဲ့သို့  လူထုတွေ့  ဆုံပွဲပြုလုပ်ခြင်းဖြစ်သည် ။ တိတိကျကျ ပြောရလျှင် နယူးယောက်မြို့ မှ ဒီမိုကရေစီလှုပ်ရှားတက်ကြွသူများက၄င်းလူထုတွေ့ ဆုံပွဲကို တက်ရောက်ခြင်းမပြုခဲ့ ။ ထူးခြားသည်မှာနယူးယောက်မြို့  ကွင်းစ်ကောလိပ်မှာပင် လွန်ခဲ့ သော တပါတ်က ဒေါ်အောင်ဆန်းစုကြည်မှ လူထုတွေ့ ဆုံပွဲ ပြုလုပ်ခဲ့ ရာ အမေရိကပြည်ထောင်စု ပြည်နယ်များစွာမှ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်ခဲ့ သော နေရာဖြစ်သည် ။ လူပေါင်း -၅၀၀၀- လောက် တက်ရောက်ပြီး လူထုတွေ့ဆုံပွဲမှာ စည်ကား သိုက်မြိုက်စွာ ရှိခဲ့ သည် ။ သမ္မတ၀န်ကြီးရုံးမှ ၀န်ကြီးဦးစိုးသိန်း၏ လူထုတွေ ဆုံပွဲမှာမူ မြန်မာနိုင်ငံကို ပြန်သွားချင်ကြပြီးစီးပွါးရေးပြုလုပ်လိုသူများနှင့် အစိုးရနှင့် ယခင်က ဆက်ဆံရင်းနှီးသူများသာ တက်ရောက်ခဲ့ သည်ကို တွေ့ ရခဲ့ သည် ။ လူဦးရေမှာ-၁၀၀- နီးကပါးခန့် သာ ရှိသည် ။ စင်စစ်အားဖြင့် ၄င်းတွေ့ ဆုံပွဲကို မပြုလုပ်မှီ ကဗျာဆရာကြီးဦးမောင်စွမ်းရည်အိမ်မှာ သမ္မတအကြံပေးအဖွဲ့ ဝင် ဦးလှမောင်ရွှေနှင့်ဒေါက်တာကျော်ရင်လှိုင်တို့ နှစ်ယောက်နှင့် ကျွန်တော်တို့  တွေ့ ဆုံဆွေးနွေးဖြစ်ကြသည် ။ ကျွန်တော်တို့ ဆိုသည်မှာ ရခိုင်လူမျိုးကိုသန်းထွန်းအောင်နှင့် ကဗျာဆရာကြီး ဦးမောင်စွမ်းရည်ကိုဆိုလိုရင်းဖြစ်သည် ။ ကျွန်တော်နှင့် ဦးလှမောင်ရွှေမှာ တော်တော်ကြီးစကားတွေ ပြောဖြစ် ဆွေးနွေးဖြစ်ခဲ့ သည် ။ ဒေါက်တာကျော်ရင်လှိုင်နှင့်ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ကိစ္စတွေ ကို ဆွေးနွေးဖြစ်ခဲ့ သည်။ နေ့ လည်-၃-နာရီခန့် မှ ည-၈-နာရီမျှအထိ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ ရာ မှပြန်လာခဲ့ ကြပြီး အကြောင်းစုံကို ရွှေဝါရောင်တော် လှန်ရေးကျောင်း ဆရာတော်ဦးပညာဇေါတနှင့် ထပ်မံတွေ့ ဆုံကာ ဆက် လက်ဆွေးနွေးဖြစ်ခဲ့ ကြသည် ။ ၄င်းနေ့တွေ့ ဆုံပွဲကြောင့် ၀န်ကြီး ဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲကိုတက်ရောက်ခဲ့ ခြင်းဖြစ်သည် ။ သမ္မတ၀န်ကြီးရုံး ဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင် ၀န်ကြီးက ပြောဆိုပြီးနောက် အမေးအဖြေကဏ္ဍ ပြုလုပ်သည် ။ ထို့ ကြောင့် ကျွန်တော်ကတောင်းဆိုသောအချက်များနှင့် သိလိုသောအချက် များကို ချပြခဲ့ သည် ။ကျွန်တော်တောင်းဆိုခဲ့ သောအချက်အလက်များမှာ ရခိုင်ကျောင်းသားများကိုလွှတ်ပေးရေး ၊ မောင်တောမြို့ မှ ဒေါ်မသိန်းကို လွှတ်ပေးရေး ၊ မောင်လင်္ကျာထွန်းကို လွှတ်ပေးရေးနှင့် သမိုင်းလိမ်ဘင်္ဂလီကုလားအကြောင်းတို့  ကို တင်ပြခြင်းဖြစ်သည် ။ ခုတော့ မောင်လင်္ကျာထွန်းက လွပ်မြောက်သွားပါပြီ ။အခြားသူများမှာမူ မလွပ်မြောက်သေး ။ ကျွန်တော် သိလိုသောအချက်တခုမှာကွင်းစ်ကောလိပ်မှာပင် ဒေါ်အောင် ဆန်းစုကြည်က ကချင်ပြည်နယ် အရေးနှင့်ပါတ်သက်၍ ပါဝင်ဆောင်ရွက် လိုကြောင်းနှင့် အစိုးရကသာ ခိုင်းလျှင်လုပ်ချင်ကြောင်း ဟောပြော သွားခဲ့ သည် ။ ၄င်းကိစ္စနှင့် စပ်လျှဉ်း၍ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကချင် အရေးမှာပါဝင်ဆောင်ရွက်လိုကြောင်း ပြောဆိုသွားရာ အစိုးရအနေဖြင့် မည်သို့  သဘောထားပေးမည်လဲ ဆိုသည်ကို မေးမြန်းခဲ့ ဖြစ်ပါသည် ။ဝန်ကြီး ဦးစိုးသိန်းက ခုလို ဖြေဆိုသွားပါသည် ။ “ ဒေါ်အောင်ဆန်းစုကြည်နဲ့  ကျနော်တို့  တွေ့ ဆုံနေကြပါတယ်။ အမကြီးလို ခင်ပါတယ် ။ ကချင်အရေးမှာ လမ်းခရီးတွေ ပင်ပမ်းပါတယ် ။ အမကြီးက အဲဒီခရီးကို သွားနိုင်မှာ မဟုတ်ပါဘူး ။ တခုတော့ ရှိတယ် ။ ကချင်အရေးမှာပါဝင်ဆောင်ရွက်လိုတယ်လို့  ပြောလို့  အတူတူ လုပ်နိုင်ပါတယ် ။ ဒါပေမဲ့အမကြီးအောက်မှာတော့ ကျနော်တို့ က မလုပ်နိုင်ဘူး “၀န်ကြီး ဦးစိုးသိန်း၏ အဖြေများစွာထဲက ကောက်နှုတ်ချက်ထုတ်ဖေါ်ပြခြင်းသာဖြစ်သည် ။ ဤစကားရပ်၌ ( အမကြီး လက်အောက်မှာ ကျနော်တို့ ကမလုပ်နိုင်ဘူး ) ဆိုသော စကားမှာ လွန်စွာအရေးကြီးသော စကားဖြစ်သည် ။ပြည်တွင်းစစ်ကို ရပ်တန့် ငြိမ်း ချမ်းလိုသောကြောင့် အတူတကွပူးပေါင်းလိုကြသည်ဆိုလျှင် သူ့ အောက် ကိုယ့်အောက် ဆန္ဒများ ရှိနေခြင်းသည်ပြသနာကြီးတရပ်ဖြစ်နေသည် ။ ဆိုရလျှင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ဒေါ်အောင်ဆန်းစုကြည်လက်အောက် တာဝန်မထမ်းဆောင်လိုခြင်းသည်ဤကချင်အရေးတခုထဲမှာသာ ရှိနေမည် မဟုတ်ဟုထင်သည် ။ အခြားသော ကဏ္ဍများစွာမှာပင်ပါဝင်ပါတ်သက်ခြင်းများ ရှိလေမည်ဟု တွက်ချက်၍ ရနိုင်သည် ။ လက်ရှိအာဏာပိုင်အစိုးရ၏ ၀န်ကြီးများ ၊ အစိုးရအဖွဲ့ ဝင်များသည် သူတို့ ၏ရေစီးကြောင်းနှင့် သူတို့ လာသောသူများဖြစ်သည် ။ သူတို့ စီးဆင်းသောရေစီးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လာရာရေ စီးကြောင်းသည် မတူ ။ သူတို့နောက်တွင် သူတို့  စီးလာသော တပ်မတော်ကြီး တခုလုံးက ဒီဇယ်ဆီအပြည့်နှင့်စက်ကရိယာပစ္စည်းများ အကောင်းစားများဖြင့် ခုတ်မောင်းထားရှိနေဆဲဖြစ်သည် ။သူတို့ မှာ လူစားများစွာ ရှိနေသည် ။ တဗိုလ်တက် တဗိုလ်ကျ စနစ်နှင့်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည် လာရာ ရေစီးကြောင်းမှာ မဗေဒါက တပွင့်ထဲ ၊နိုင်ငံရေးမှာ ယင်းသို့ အခြေအနေက အားရစရာ မကောင်းလှပါ ။အုံနှင့်ကျင်းနှင့် ခိုင်မာသောအင်အားစုနှင့် စီမံခန့် ခွဲနိုင်သောယန္တယားများဖြင့် ကျစ်လစ်ခိုင်မြဲစွာရှိနေသော အစိုးရမှာ -၂၀၁၅-ခုနှစ်တွင်လွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည်မထင် ။ အလျှော့ပေးမည်ဆိုသည်မှာ သူတို့ ၏အင်အားစုဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို အင်အားချည့်နဲ့စေလိမ့်မည်ဟု ရူးသွပ်စွာ တွေး၍မဖြစ်နိုင် ။ သို့ အတူ ယခုလက်ရှိ သူတို့ ပါတီ၏ ကျားကန်ပေးထားသော -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကား စစ်မှန်သော ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်လာအောင် ပြုပြင်ရေးဆွဲ ဖြည့်စွက်ခြင်း မရှိနိုင်သေး ။ သည်တော့ ယခုလက်ရှိ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း-၂၀၀၈-ခုနှစ်အရ ပါတီစုံရွေးကောက်ပွဲပြုလုပ်ခြင်း ၊ အစိုးရဖွဲ့ စည်းခြင်း၊ သမ္မတခန့် အပ်ခြင်း ။ ၀န်ကြီးချုပ်ခန့် အပ်ခြင်း ၊ လွှတ်တော်ဥက္ကဋ္ဌခန့် အပ်ခြင်းစသော အကြောင်း အရာများမှာ တိတိကျကျ ဖြစ်ပေါ်လာမည့်အချက်များသာဖြစ်နေသည် ။ လွှတ်တော်အတွင်း ညီလာခံမှာ သမ္မတခန့် အပ်ခြင်းများ စသော အကြောင်းအရာ၌ အရည်အချင်းများကဏ္ဍကို ယခုအချိန်ထိ ဤအတိုင်းဘဲ ရှိနေသေးသည်ကို တွက်ချက်ခြင်းဖြင့် နောင်-၂၀၁၅-ခုနှစ် သမ္မတသည်လည်း ၄င်းဖွဲ့ စည်းအုပ် ချုပ်ပုံအခြေခံဥပဒေအရသာ ဖြစ်နေပေလိမ့်မည် ။ ထို့ ကြောင့်ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက တနိုင်ငံလုံးတွင် မဲပြိုင်ခဲ့ ၍ အနိုင်ရခဲ့ လျှင်ပင် ယခုလို အစိုးရမျိုးဖြင့် ရှိနေပေလိမ့်မည် ။ ယခုလိုသမ္မတမျိုးဖြင့် ရှိနေပေလိမ့်မည်။ ယခုလို စနစ်မျိုးဖြင့် ရှိနေပေလိမ့်မည် ။ မည်သို့ မျှ ပြောင်းလဲသွားမည့် နိုင်ငံရေးစနစ်မဟုတ်သည်မှာတော့သေ ချာနေသည် ။ အကယ်၍ ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားဒီိုကရေစီအဖွဲ့ ချုပ်က - ၂၀၁၅-ခုနှစ်မှာ အနိုင်ရရှိခဲ့ မည် ဆိုလျှင်တောင် -၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ ရလဒ်လို အကောင်အထည် မဖေါ်သော အခြေအနေများသို့  ပြန်လည်ရောက်ရှိသွားမည်ဟုထင်ရသည် ။ သို့ သော် ၄င်းကဲ့ သို့ လည်း ဖြစ်လာမည်ဟု တပ်အပ်သေချာမပြောနိုင် ။ အကြောင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ မွန်ပြည်နယ် စသည်တို့ တွင် မည်သို့ မျှ လူကြိုက်ရှင်ကြိုက် သည်းခြေကြိုက် မဟုတ်တော့ ။ ထို့ ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် -၁၉၉၀-ခုနှစ်၏ ရွှေအိုရောင် အလွမ်းမျိုးဖြင့် အနာဂါတ်အိက်မက်ကို မက်၍ မဖြစ်နိုင်တော့လို့ မြင်သည် ။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ကျွန်တော်က နယူးယောက်မြို့ မှာ မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်၏ အောက်မှာ မလုပ်နိုင်ဘူးလို့  ပြောခဲ့သည်ကို နားနှင့် ဆတ်ဆတ် ကြားခဲ့ ရသည် ။ ယခုလည်းဒေါ်အောင်ဆန်းစုကြည်က-၂၀၁၅-ခုနှစ်မှာ သမ္မတလုပ်ချင် သည်ဆိုတော့ ကျွန်တော်တို့ ထိပ်လန့် စွာ စဉ်းစားဖြစ်ပါသည် ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင် ။ ယင်းဥပဒေကို ပယ်ဖျက်နိုင်မှ သမ္မတဖြစ်နိုင်ပါမည် ။ မည်သူက ပယ်ဖျက်နိုင်မည်လဲ ။ ၄င်းဥပဒေကို ပယ်ဖျက်ဖို့ အဆိုတင်သွင်းပြီးပြီ ဟု မကြားရသေး ။ လွှတ်တော်အတွင်းတွင်ကျမ်းသစ္စာကျိန်ဆိုရာမှာတောင် ဘာမျှ ပြောင်းလဲ၍ မရခဲ့ သည်မှာ ပူပူနွေးနွေးရှိနေခဲ့ ပါသည် ။ လွှတ်တော်အတွင်းလဲ အတိုက်အခံ မရှိ - လွှတ်တော်ပြင်ပတွင်လည်း အတိုက်အခံ မရှိမှတော့ ၄င်းဥပဒေက မည်သို့ ပြောင်းလဲ ပယ်ဖျက်ကြမည်နည်း ။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏လူထုယုံကြည်မှုများ ၊ ပါတီတွင်း ကျစ်လစ်ခိုင်မာမှုများ ၊ မည်မျှအထိရှိနေသနည်းဆိုသည်ကို တွက်ချက်ကြည့် မိဖြစ်ကြပါသည် ။ဒေါ်အောင်ဆန်းစုကြည်တဦးတည်းက တကိုယ်တော် ပြော ဆိုခြင်းများဖြင့်ဦးဆောင်လုပ်ကိုင်နေခြင်းမှာ နိုင်ငံရေးအဖွဲ့ အစည်းတခု၏ အင်အားများကိုပေါ့လျော့စေတတ်ပါသည် ။ အဖွဲ့ ချုပ်အင်အားစုများက တက်ညီလက်ညီဖြင့်ဆောင်ရွက်ခြင်းဆိုလျှင် တနိုင်ငံလုံး၏ ထောက်ခံယုံကြည်မှုများကိုရရှိကောင်း ရရှိနိုင်မည်ဖြစ်သည် ။ သို့ သော် စောစောက ပြောသလိုမဲဆန္ဒခံယူရာ၌ ပြည်နယ်ပေါင်းစုံ၏ တိုင်း ရင်းသားလူမျိုးပေါင်းစုံလူမျိုးများ၏ စိတ်နေသဘောထားများကို မတွက်ချက်ဖြစ် လျှင်မူ သမ္မတရုံးဝန်ကြီးဦးစိုးသိန်း၏ အမက်ကြီးလက်အောက်မှာ ကျွန်တော်တို့  မလုပ်နိုင်ဘူးဆိုသောစကားကို သတိရပြီး အမှန်ဖြစ်သွားကောင်း ဖြစ်သွားမည် ဆိုပါက ကျွန်တော်တို့ ကံဆိုးသည်လား ကံကောင်းသည်လား တခုခုတော့ ပြော ရပါတော့မည် ။။။။။။။။။ ခိုင်အောင်ကျော် ( နယူးယောက် )

SHARE THIS
Previous Post
Next Post