လာမည့်၂ဝ၁၃ ခုနှစ်တွင် လူနေရပ်
ကွက်များ လျှပ်စစ်မီးလုံးဝပြတ်တောက်
မည် မဟုတ်တော့ကြောင်း ရန်ကုန်မြို့တော်
လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးအောင်ခိုင်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင်
ပြုလုပ်သော သတင်း စာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
''၂ဝ၁၂ နွေရာသီမှာ သောင်းကျန်းသူများကြောင့် လျှပ်စစ်မီးမရတာတွေ ဖြစ်ခဲ့တယ်။ ဓာတ်အားပြတ်တောက်မှုတွေဖြစ်ခဲ့တော့ ပြည်သူတွေကို အပြည့် အဝပေးနိုင်ဖို့ စက်မှုလက်မှုလုပ်ငန်းတွေကို ဖြတ်တောက်ခဲ့ရတယ်။ လာ မယ့်နှစ်မှာ ရန်ကုန်မှာတော့ မီးအပြည့်အဝရမယ်။ ဒါပေမဲ့ ကျန်ဒေသတွေ မှာတော့ အနည်းငယ် ပြတ်တာတွေရှိမယ်'' ဟု ဦးအောင်ခိုင်က ပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်မှုနှုန်းသည် ၁၅ ရာခိုင် နှုန်းခန့်အထိရှိလာသဖြင့် ၂ဝ၁၃ ခုနှစ်တွင် ၈၅ဝ မဂ္ဂါဝပ်အထိ တိုးတက် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ဓာတ်အားလိုအပ်မှုရှိလာပါက စက်မှုလက်မှု လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများအား မီးဖြတ်တောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
၂ဝ၁၂ ခုနှစ် နွေရာသီက ဓာတ်အားလိုအပ်ချက်သည် ၁၈ဝဝ မဂ္ဂါဝပ် ရှိသော်လည်း အမြင့်ဆုံးထုတ်လုပ်နိုင်မှုသည် ၁၄ဝ၅ မဂ္ဂါဝပ်သာရှိခြင်းကြောင့် ပြည်သူများအား လျှပ်စစ်မီးအပြည့်အဝရရှိရန် စက်ရုံ၊
အလုပ်ရုံများအား ၁၃ ရက်ကြာ မီးဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီး အချိန်ပိုင်းမီးပေး စနစ်အသုံး ပြုခဲ့ကြောင်း သိရှိသည်။
''လုပ်ငန်းရှင်တွေအနေနဲ့ ဆိုရင် မီးက ၂၄ နာရီလာဖို့ အရမ်းလိုအပ် တယ်။ ရေထွက်ပစ္စည်းတွေဆိုတာ မီးမလာရင် ဒုက္ခရောက်တယ်။ ကိုယ့် နိုင်ငံက သူများနိုင်ငံနဲ့ယှဉ်ရင် ထုတ်လုပ်မှု စရိတ်ကြီးတယ်။
မီးပျက်ရင် ထုတ်လုပ်မှုက လျော့ကျတဲ့အတွက်ကြောင့် သူများနိုင်ငံနဲ့ယှဉ်ရင် နိမ့်ကျတယ်။
စက်မှုဇုန်တွေကပိုဆိုးတယ်''ဟု ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုး နန္ဒာတင်က ပြောသည်။
၂ဝ၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအား မီးအပြည့်အဝပေးနိုင် ရန်အတွက် ဓာတ်အားပေးမှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ ပါဝင်ကာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီဖြစ်သော ရွှေစွမ်း အင်ကုမ္ပဏီမှ လျှပ်စစ်ဓာတ် အား ၁၂ဝ မဂ္ဂါဝပ်၊
ထိုင်းနိုင်ငံ Toyo Thai ကုမ္ပဏီမှ ၁၂ဝ မဂ္ဂါဝပ်၊ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ Zeya and Associated မှ ၅ဝ မဂ္ဂါဝပ်၊ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ မြန်ရွှေပြည်မှ ၅ဝ မဂ္ဂါဝပ်နှင့် ဖက်စပ်ကုမ္ပဏီ CIC Co.,Ltd မှ ၅ဝ မဂ္ဂါဝပ်တို့ကို ရွှေလီရေအားလျှပ်စစ် ဓာတ်အားစက်ရုံ၊ သောက်ရေခပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊
အလုံဓာတ်အားပေးစက်ရုံ၊ လှော်ကားဓာတ်အားပေးစက်ရုံ၊ ရွာမဓာတ်အားပေး စက်ရုံနှင့် သာကေတဓာတ်အားပေးစက်ရုံတို့တွင် ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃၁ ရက် မတိုင်မီ အသီးသီးတိုးချဲ့ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
