ရန်ကုန်၊ ဒီဇင်ဘာ၊ ၂၁
တရုတ် (တိုင်ပေ) မှ အခြေစိုက်ထုက်လုပ်သည့် HTC ဟန်းဆက်များကို မြန်မာစာ Operation System (OS) ထည့်သွင်း၍ ပြည်တွင်းဈေးကွက်သို့ တင်သွင်း ရောင်းချတော့မည် ဖြစ်ကြောင်းသိရသည်။ မန္တလေးမြို့မှ ကွန်ပျူတာပညာရှင်များ တီထွင်ဖန်တီးခဲ့ကြသည့် စံမြန်မာစာစနစ်ကို HTC ဟန်းဆက်၌ ထည့်သွင်းအသုံးပြုခဲ့ကြခြင်းဖြစ်ပြီး မြန်မာစာ OS ပါဝင်သည့် HTC ဟန်းဆက်များကို ပြည်တွင်းဈေးကွက်သို့ ဇန်န၀ါရီလ ၁၅ ရက်နေ့၌ အရောက်တင်သွင်း ရောင်းချသွားမည်ဖြစ်သည်။ ““ဟန်းဆက် စဖွင့်လိုက်ကတည်းက မြန်မာလိုပဲမြင်နေရတာမျိုးပေါ့။ ဟန်းဆက်က ပြန်ပြောရင်လည်း မြန်မာလိုပဲ ပြန်ပြောတဲ့ ပုံစံမျိုးပါ။ ဥပမာ - ဘတ္ထီအားနည်း နေပြီဆိုမျိုး။ မြန်မာစာလက်ကွက် အနေနဲ့လည်း အရမ်းလွယ်ကူတဲ့ အပြင် လူအများသုံးတဲ့ Zawgyi Font အနေနဲ့လည်း ပြန်လည်အသုံး ပြုနိုင်တဲ့အနေအထားမှာရှိတယ်။ စကားလုံးတိုင်းတော့ မြန်မာလို ပြောင်းထားတာမဟုတ်ဘူး။ ဥပမာ - Wifi ဆိုတာမျိုးကိုပါ”” ဟု စံမြန်မာစာမှ ဦးထွန်းမြင့်စံက ပြောသည်။ မြန်မာစာ OS စနစ်ပါဝင်သော HTC ဟန်းဆက်ကို GSM နှင့် WCDMA နှစ်မျိုးစာလုံး ထွက်ရှိလာမည်ဖြစ်ပြီး HTC ကုမ္ပဏီအနေဖြင့် မြန်မာစာ OS ပါဝင်သော ဟန်းဆက်များကို ပြည်တွင်းသို့ ဈေးနှုန်းလျော့ ရောင်းချပေးရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။ ““အခုကတော့ HTC ဟာ ပြည်တွင်းဈေးကွက်မှာ နေရာရတာနည်း နေသေးတယ်။ ဒါပေမယ့် HTC ကို ကုမ္ပဏီက ဈေးလျော့ပေးမယ်၊ မြန်မာစာ OS အနေနဲ့ကလည်း ပါလာမယ်၊ အသုံးပြုရတာလည်း အဆင်ပြေကြမယ်ဆိုရင် HTC ဟာ ပြည်တွင်းဈေးကွက်ရဲ့ ၄၀ ရာခိုင် နှုန်း၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်း အထိ ရောင်းအားရှိလာမယ်လို့တော့ မျှော်မှန်းထားကြတယ်””ဟု ဦးထွန်းမြင့်က ပြောသည်။ ဟန်းဆက်များ၌ မြန်မာစာ OS စနစ်ပါဝင်လာခြင်းမှာ HTC အနေဖြင့် ပထမဦးဆုံးမဟုတ်ကြောင်း၊ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ Standard အမည်ရှိ CDMA ဟန်းဆက်များ၌ မြန်မာစာ OS စနစ်ကို စတင်ထည့်သွင်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။ အဆိုပါ Standard ဟန်းဆက်များမှာ မြို့ကြီးများ၌ ဈေးကွက်မရရှိခဲ့သော်လည်း ကျေးရွာများ၌ ၀ယ်လိုအား ရရှိခဲ့သည်ဟု စီစဉ်ဖန်တီးခဲ့သူတို့ ကပြောသည်။
____________________________________
Reference and Credit to -Internet Journal
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
