By San Shwe Nu
စစ်တွေ ၊ ၂၅ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း]
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃)ရက်နေ့က Malteser International ၏ ရခိုင်ဒေသတာဝန်ခံ နှင့် ပေါက်တောမြို့လူထု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် ၄င်းတို့အနေဖြင့် ဒေသခံများ၏ စောင့်ကြည့်မှုအောက်တွင်သာ အလုပ်လုပ်သွားမည်ဖြစ်ကြောင်း အများရှေ့ကတိပြုပြောကြားခဲ့သည်။
သဘောတူညီချက်များအရ Malteser သည် ပေါက်တောမြို့နယ်အတွင်း ရခိုင်လူ့အဖွဲ့အစည်း တစ်ခုတည်းကိုသာ ထောက်ပံ့လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပေါက်တောလူ့အဖွဲ့အစည်း ကိုယ်စားလှယ်ငါးဦးအား ၄င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကို အချိန်နှင့်တပြေးညီ အသိပေးသွားရမည်ဖြစ်သည်။
အစည်းအဝေးတွင်း ပေါက်တောမြို့မိမြို့ဖများထဲ တက်ရောက်လာသူများက ရခိုင် နှင့် ဘင်္ဂါလီများအား ညီတူညီမျှ ထောက်ပံ့မည်ဆိုလျှင်လည်း လုံးဝလက်မခံနိုင်ကြောင်း တင်းတင်းမာမာပြောကြားခဲ့သည်။
နိုင်ငံတကာ NGO များအနေဖြင့် မိမိတို့အလုပ်စဉ်ဆက်မပြတ်ရရှိရေး လစာရရှိရေးတစ်ခုတည်းကိုသာ ဦးတည်လျက် (ဘင်္ဂါလီဆိုသည့်) မျောက်များကိုပြကာ ဆန်တောင်းစားနေကြခြင်းသာ ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းသည် ခိုးဝင်သူများအား အားကောင်းစေကာ ဒေသခံများအား အားနည်းစေသည့်အတွက် လုံးဝလက်မခံနိုင်ကြောင်း ဆွေးနွေးသူ ဒေသခံအချို့က အစည်းအဝေးတွင် ပြောခဲ့ကြသည်။
Save the Children ဆိုလျှင် ရခိုင်ဒေသခံများအား လုံးဝအသိမပေးဘဲ ပေါက်တောမြို့ကိုတောင် အနားမသီဘဲ ပေါက်တောမြို့နယ်ထဲမှ ကုလားရွာကြီးသုံးရွာအား ထောက်ပံ့နေကြသည်ကို အပြစ်မဆိုဘဲ ပွင်းပွင့်လင်းလင်း ဆွေးနွေးတင်ပြသည့် မိမိတို့ကို ခါးခါးသီးသီးဆွေးနွေးကြသည့်အတွက် စိတ်မကောင်းကြောင်း Malteser ရခိုင်ဒေသ တာဝန်ခံက ၀မ်းနည်းစကားပြောကြားသွားသည် ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားတို့အား နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ဘင်္ဂါလီတို့အား ဖောဖောသီသီ အကူအညီများ ပေးနေကြသည့် အဖွဲ့အစည်းများတွင် AZG နှင့် WFP တို့ပါဝင်သည်။
ရခိုင်ဒေသခံများအနေဖြင့် နိုင်ငံတကာ iNGO များကိုသာ စောင့်ကြေည့်ရမည်မဟုတ်ပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကိုပါ စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်နေကြသည်။
(စံရွှေနု က Coral Arakan အတွက် ရေးသားသည်။)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)