OIC ရုံးဖွင့်ရန် ထပ်မံ ကြိုးပမ်း


အစ္စလာမ်မစ် ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်ခွင့် ရရေးအတွက် ထပ်မံကြိုးပမ်းနေကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

OIC အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

OIC အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြသာနာများ ပြေလည်မှု ရရှိစေရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ပြင်ဆင်နေကြောင်း OIC အတွင်းရေးမှူးချုပ်၏ လူနည်းစုအခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိလ် သံအမတ်ကြီး ဆာအိဒ် ကာဆင်မ် အယ်လ် မာစရေးက ပြောကြားကြောင်း ယင်းသတင်းတွင်ဖော်ပြသည်။

သို့သော်လည်း OIC ရုံးခွဲ ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း သမ္မရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုထားသည်။

ရန်ကုန်မြို့နှင့် စစ်တွေတို့တွင် OIC ရုံးစိုက်မည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာ ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သဖြင့် သမ္မတဦးသိန်းစိန်က OIC ရုံးခွဲဖွင့်ခွင့် ပေးမည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးထားသည်။

မကြာမီ မြန်မာနိုင်ငံသို့ OIC အထွေထွေအတွင်းရေးမှူးချုပ်လာမည့် ခရီးစဉ်လည်း ရှိသည်။

ဓါတ်ပုံ - 2012@www. imageplus.me



SHARE THIS
Previous Post
Next Post