ဘုန်းကြီးလမ်း
စံပြ မီးပွိုင့် အကျော်တွင် 226 ယာဉ်မှမီးပွိုင့်လွတ်ရန် အရှိန်ပြင်းစွာ
ဖြတ်ကျော်မောင်းနှင်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ကား ၉စီးဆက်
ဆင့်တိုက်မှုဖြစ်ပွား။
ယနေ့ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈နာရီး ၃0
မိနစ်ခန့်က အနောက်ပိုင်းခရိုင် ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၂၂၆ ယာဉ်လိုင်းမှ
၆ခ/၄၈၈၁ မှသည် ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် ၊
ဘုန်းကြီးလမ်း ပေါ်တွင် စံပြမီးပွိုင့်ကို ဖြတ်ကျော်ခဲ့ရာတွင်
အရှိန်မထိန်းနိုင်းဘဲ အရှေ့မှသွားနေသည့်ကားများ၊ လမ်းညာဘက်ခြမ်းတွင်
ရပ်ထားသည့် ကားများကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
လမ်းဖြတ်ကူးသူများအပါအဝင် ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ပြီး
၃ဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင် ခဲ့ရသည်။ ကုံးထက်
ကြက်ဆီထမင်းဆိုင်မှ Mark-2 ကားတစ်စီးအပါအဝင် ၂စီး ပျက်စီးသွားခဲ့သလို Taxi
ယာဉ် ၂စီးမှာလည်း ဆိုးရွားစွာ ပျက်စီးခဲ့သည်။
အဆိုပါ ဖြစ်ရပ်အားစတင်ဖြစ်ပွားစေခဲ့သည့် 
၂၂၆ ယာဉ်မောင်းမှာ ယာဉ်အကူကို ၄င်းဝတ်ဆင်ထားသည့် အကျိ င်္ကိုချွတ်ပေးကာ
ထွက်ပြေးသွားသော်လည်း ပထမဆုံး အတိုက်ခံခဲ့ရသည့် တက္ကစီသမားမှ ဦးဆောင်ပြီး
လမ်းတစ်ဘက်အခြမ်းတွင် ဖမ်းစီးနိုင်ခဲ့သည်။
ဒဏ်ရာရသူများ အနက်
ဆေးရုံတွင် တစ်ဦးသေဆုံးသွားသည်ဟု သတင်းကြားသော်လည်း ယခုသတင်း တင်ချိန်
နံနက် ၉ နာရီ ၃၁မိနစ် အထိ အတည်မပြုနိုင်သေးပါ။
ယခုအခါ ကားများကို ရွေ့နေပြီးဖြစ်ပြီး ခရီးသွားပြည်သူများက ယာဉ်မောင်းကြမ်းသူများအား ထိရောက်စွာပြစ်ဒဏ်ချမှတ်စေလိြုေ ကာင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
Ko Sai Sa
Myanmar News International
SHARE THIS