AZG အား မြေပုံမြို့ဒေသခံများက လက်မခံ

 

By Kaw Kar Nu

စစ်တွေ ၊ ၀၆ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral arakan News ၊ [ သတင်း ]

ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ AZG (MSF) အနေဖြင့် အစဉ်အဆက် ခွဲခြားဆက်ဆံမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်သာမက ပြီးခဲ့သော ဒီဇင်ဘာ (၂၇)ရက်နေ့ ၄င်းတို့၏ ခရီးစဉ်တွင် ဘင်္ဂါလီ နှစ်ဦးကို ခေါ်ဆောင်လာခဲ့သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေမည်ဟု သုံးသပ်သည့်အတွက် မြေပုံဒေသခံများက AZG အား မလာစေလိုကြောင်း ငြင်းပယ်လိုက်သည် ဟု ဒေသခံအချို့က Coral Arakan အား သတင်းပေးပို့သည်။

AZG ၏ လုပ်ဆောင်မှုများကို ဒေသခံလူထုများအား မနေ့က နံနက် ကိုးနာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရှင်းလင်းပွဲပြုလုပ် ရှင်းပြရာ၊ ဒေသခံများက AZG အား ထိုကဲ့သို့ ငြင်းပယ် ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါ အခမ်းအနားသို့ မြို့ပေါ်မှ ကျောင်းထိုင်ဆရာတော် ငါးပါး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ အခြားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အကျိုးတော်ဆောင်အဖွဲ့ဝင်များ(မြို့မိမြို့ဖများ) ၊ မြို့နယ် အမျိုးသမီး ကွန်ရက် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း နှစ်ရာခန့် တက်ရောက်ခဲ့ကြသည် ဟု ဆိုသည်။

(Coral Arakan News)

SHARE THIS
Previous Post
Next Post