မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ လာမည့်မေလတွင် အပြီးသတ်မည်

ပေကျင်း၊ ဇန်န၀ါရီ ၂၁ ။

တရုတ်ပြည်၏ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာမြောက် လမ်းကြောင်း များဖြစ်သော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း
များသည် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်နေမည်ဆိုပါက
လာမည့် မေ ၃၀ ရက်နေ့ တွင် တည်ဆောက်ရေးလုပ်ငန်းများ အပြီးသတ်မည်ဟု ဆင် ဟွာ သတင်းက ဖေါ်ပြသည်။

တရုတ်နိုင်ငံတော်ရေနံ ကော်ပိုရေးရှင်း China National Petroleum Corporation (CNPC)၏ လက်အောက်၌ ပိုက်လိုင်းများ သွယ်တန်း တည်ဆောက်နေသည့် စီမံကိန်းပရောဂျတ်၏ အကြီးအကဲ
ကောက်ကျန်းကွာက ပိုက်များသွယ်တန်းမှုမှာ နေရာတော်တော် များများ၌ ပြီးစီးနေပြီး ဇွန်လဆန်းပိုင်းတွင်ရေနံနှင့် သဘာဝဓါတ်ငွေ့ 
များ ပေးပို့ နိုင်မည်ဟု ခန့်မှန်းသည်။

မြန်မာဘက်ခြမ်း၌ အဓိကနေရာများတွင် တည်ဆောက်မှုများ
ပြီးစီးနေပြီး၊ တရုတ်နယ်စပ်တွင်ရှိသော ပိုက်လိုင်းများမှာ ယခုလ
အတွင်း ပြီးစီး မည်ဟု ၎င်းက ဆိုသည်။

တရုတ်သည် ၎င်းဝယ်ယူထားသော အရှေ့ အလယ်ပိုင်းမှ
ရေနံစိမ်းများကို အန္တရာယ်များပြီး လမ်းကြောင်း ပိတ်ဆို့
တတ်သော မလ္လကာ ရေလက်ကြားမှ တင်သွင်းခြင်းအစား၊
အိန္ဒိယ သမုဒ္ဒရာမှတဆင့် မြန်မာသို့ သင်္ဘောဖြင့်တင်ပို့ပြီး၊
နိုင်ငံဖြတ်ကာ ပိုက်လိုင်းဖြင့် ရေနံတင်ပို့ မည်ဖြစ်သည်။

အရှည် ၁,၁၀၀ ကီလိုမီတာအရှည်ရှိသော ယင်းပိုက်လိုင်း
များသည် မြန်မာအနောက်ပိုင်း ကျောက်ဖြူဆိပ်ကမ်းမှ
တရုတ်ပြည် ယူနန်နယ်ရှိ ရူလီအထိ သွယ်တန်းထားသည်။

ရေနံပို့သည့်ပိုက်လိုင်းမှာ တစ်နှစ်ရေနံတန်ချိန် ၂၂ သန်း ပို့လွှတ်
ပေးနိုင်ပြီး သဘာဝဓါတ်ငွေ့ ပို့သည့်ပိုက်လိုင်းမှာ တစ်နှစ်လျှင်
ဓါတ်ငွေ့ ကုဗမီတာ ၁၂ဘီလီယံ ပမာဏအထိ ပို့ပေးနိုင်ကြောင်း
သိရသည်။

ယင်းပိုက်လိုင်းများသည် တရုတ်၏ စွမ်းအင်လိုအပ်နေပြီး
မဖွံ့ဖြိုးသေးသော အနောက်တောင်ပိုင်းဒေသများကို ဖွံ့ ဖြိုးစ
ပြုမည်ဟု သိရသည်။

REF: Xinhua
The Myanma Age

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ
လာမည့်မေလတွင် အပြီးသတ်မည်

SHARE THIS
Previous Post
Next Post