ကိုရီးယားမှ နှစ်စဉ် မြန်မာ့လုံးတီးဆန် တန်ချိန်(၇)သောင်း ၀ယ်ယူရန်ကမ်းလှမ်း



ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 19 Jan, 2013



 မြန်မာ့လုံးတီးဆန်တန်ချိန်ခုနှစ်သောင်းအား တောင်ကိုရီးယားနိုင်ငံမှ နှစ်စဉ်ဝယ်ယူရန်အတွက် လာရောက်ကမ်းလှမ်း ထားကြောင်း   မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းထံမှ သိရှိရသည်။ 
 
သူတို့ဘက်က လာကမ်းလှမ်းတာပါ။ ပြည်ပဈေးကွက်သစ်တစ်ခုလည်း တိုးလာမယ်။ တောင်သူလယ်သမား တွေအတွက်လည်း စပါးဈေးတွေ ပိုရလာနိုင်တာမို့ မြန်မာနိုင်ငံဆန်ဈေးကွက်အတွက် အများကြီးအထောက်အကူ ပေးလာနိုင်ပါတယ် ဟု မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်းမှ ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြော သည်။       
 
တောင်ကိုးရီးယားနိုင်ငံမှ ၀ယ်ယူမည့် လုံးတီဆန်အမျိုးအစားမှာ Long Grain ဆန်အမျိုးအစားဖြစ်ပြီး တင်ပို့နိုင်မှု ရရှိပါက (၂၀၁၃)ခုနှစ်တွင် မြန်မာနိုင်ငံအတွက်ပြည်ပဆန်တင်ပို့ရန် ဈေးကွက်သစ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးကွက်သို့ နှစ်စဉ်မက်ထရစ်တန်ချိန် (၃၉၀၀၀၀) တင်သွင်းနေကြောင်းကို လည်း မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှ သိရှိရသည်။
 
မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် (ခုနှစ်သောင်း)အား နှစ်စဉ်ဝယ်ယူတင်သွင်းနိုင်ရေးအတွက် Samsung C and T ကုမ္ပဏီမှMr. Michae Han နှင့်အဖွဲ့သည် ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၇)ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အစည်းအဝေးခန်းမ၌   မြန်မာနိုင်ငံလယ်ယာစီးပွားရေးနှင့် အများပိုင်ကော်ပိုရေးရှင်း (MAPCO)နှင့် ပြည်ပဆန်တင်ပို့သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
 
အဆိုပါ လုံးတီးဆန်တင်ပို့ရန်အတွက် (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလတွင်း  တောင်ကိုရီးယားနိုင်ငံ အစိုးရသို့ မြန်မာနိုင်ငံမှတင်ဒါများ တင်သွင်းမည်ဖြစ်ပြီး တင်ဒါအောင်မြင်ပါက (၁)ခေါက်လျှင် ဆန်တန်ချိန်တစ်သောင်း နှုန်းဖြင့်  တင်ပို့သွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရှိရသည်။ 
 

SHARE THIS
Previous Post
Next Post