အိမ်ပိုင်မရှိသူများကို ယခုထက် သက်သာသည့်နှုန်းဖြင့် ငှားရမ်းပေးရန်ရှိ




အိမ်ရာအပိုင်မဝယ်နိုင်သူများကို လက်ရှိထက်ပိုမိုသက်သာသောနှုန်းထားဖြင့် ငှားရမ်းနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

''ပုဂ္ဂလိကက အငှားချအိမ်ရာ ကဏ္ဍ တိုးတက်ဖို့ လေ့လာနေပါ တယ်။ အိမ်ရာဝယ်နိုင်စွမ်း တက် လာအောင် မတက်လာရင်လည်း အစိုးရက ဖြစ်ဖြစ်၊ ပုဂ္ဂလိကက ဖြစ်ဖြစ် အငှားချထားပေးမှုက လူ ထုအတွက် ပိုပြီးသက်သာတဲ့ ငွေ ကြေးစနစ်နဲ့ဖြစ်အောင် ဆောင် ရွက်မှာ ဖြစ်ပါတယ်''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံ)ဦးမြင့်နိုင်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ရွှေ့ ပြောင်းနေထိုင်သူဦးရေ များပြား လာမှုကြောင့် ပုဂ္ဂလိကပိုင်းမှ အိမ် အငှားချထားမှုမှာ မြို့သစ်မြို့နယ် များတွင် ရေ၊ မီး၊ အစုံအလင်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ်လေး သောင်းဝန်းကျင်ခန့်ရှိပြီး မြို့တွင်း နှင့် စပ်ဆက်မြို့နယ်များ၌ တစ် လလျှင် အနိမ့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်ခန့် ရှိသည်။

နိုင်ငံသားများ ဝယ်ယူနိုင်စွမ်း ရှိသည့် သင့်တင့်သော အိမ်ရာနှင့် နိုင်ငံတစ်ဝန်းအငှားချအိမ်ရာများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက် အိမ်ရာအမြောက်အမြား ထုတ်လုပ်သည့် နည်းပညာများရရှိ ရန် ယခုလအတွင်း အလုပ်ရုံဆွေး
နွေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းဆွေး နွေးပွဲသို့ ကိုရီးယားနှင့် မလေးရှား နိုင်ငံမှ အိမ်ရာ ထုတ်လုပ်ရေးတွင် ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ၌ ရန်ကုန်မြို့တွင် အစိုးရမှ အငှားချထားပေးသော အိမ်ရာပေါင်း တစ်သောင်းနှစ် ထောင်ခန့်ရှိပြီး ယင်းအိမ်ရာများ မှာ အစိုးရဝန်ထမ်းအပြင် အများ ပြည်သူသို့လည်း ချထားပေးထား ခြင်းဖြစ်ကြောင်း အထက်ပါ အရာ ရှိထံမှ သိရသည်။

အခြားမြို့ကြီးများတွင် အစိုး ရဝန်ထမ်းနယ်ပြောင်း၊ ရွှေ့ပြောင်း ဝန်ထမ်းဦးရေ လေးသောင်းကျော် ရှိသော်လည်း လက်ရှိအချိန်အထိ အိုးအိမ်မှ အငှားချထားပေးနိုင် သော အိမ်ရာငါးထောင်ကျော်သာ ရှိသေးသည်ဟု၎င်းကပြောသည်။

''လောလောဆယ်မှာ ရွှေ့ ပြောင်းဝန်ထမ်းအကုန်လုံးကို မပေး နိုင်သေးပါဘူး။ နယ်တွေကအစိုးရ ဝန်ထမ်းတွေကို အငှားချအိမ်ရာ တွေပေးနိုင်ဖို့အတွက်လည်း Plan ဆွဲနေပါတယ်''ဟု ၄င်းက ဆက် လက် ပြောသည်။

အစိုးရက အငှားချထားပေး သည့် အိမ်ရာများအတွက် ငှားရမ်း ခကိုမူ ဆောက်လုပ်သည့် ခုနှစ်၏ ကုန်ကျစရိတ်ပေါ်မူတည်၍ အရင်း ကျေစေရန် တွက်ချက်ကောက်ခံ ခြင်းဖြစ်ပြီး အများပြည်သူအား ငှားရမ်းဖြစ်ပါကအိမ်ငှား ဦးစီးသက် ရှိထင်ရှားရှိသည်အထိ
အငှားချ ထားပေးကြောင်း၊ အစိုးရဝန်ထမ်း ဖြစ်ပါက ယင်းမြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်ကာလအထိအငှား ချထားပေးကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။

''အစိုးရဝန်ထမ်းဆိုရင်တော့ အိမ်ငှားခကို လစာရဲ့ ၁ဝ ရာခိုင် နှုန်းကောက်ခံပါတယ်''ဟု ၄င်းက လက်ရှိ ငှားရမ်းခ ကောက်ခံနေမှု စနစ်ကို ပြောသည်။

အစိုးရ ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်မှ ငှားယူထားသည့် အိမ်ရာကို နယ်ပြောင်း၍ တာဝန် ထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းဖြစ်ပါက နှစ်လ အတွင်း ပြန်လည်အပ်နှံရမည်ဖြစ် ပြီး သေဆုံးခြင်းနှင့် အငြိမ်းစားယူ ခြင်းဖြစ်ပါက လေးလအတွင်း
ပြန် လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း

SHARE THIS
Previous Post
Next Post