အဆိပ်မပါဘူးလို့ ဦးဝင်းမြိုင်ကပြော။ ပြည်သူတွေက မယုံ ။ ကုလားကို မယုံကြည်နိုင်မှုက အဓိကဖြစ်နေ ဟု ဆို

By Yu Thandar Khin

စစ်တွေ ၊ ၂၆ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

စစ်တွေမြို့ကို တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်မပါဘူး ဟု  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တရားဝင် ထုတ်ဖော်ပြောကြားသော်လည်း မြို့သူမြို့သားများက စိတ်ချလက်ချ မစားသုံး ရဲကြသေး ဟု ပြောဆိုကြလျက်ရှိသည်။

စစ်တွေမြို့သူတစ်ဦးဖြစ်တဲ့ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းရွှေ က “ကျွန်မကတော့ စိတ်မချနိုင်သေးဘူး။ ဦးဝင်းမြိုင် ဒီတစ်ခါပြောရုံလောက်နဲ့ မယုံ နိုင်သေးဘူး။ ကျွန်မတို့ မျက်စိရှေ့မှာ သူကိုယ်တိုင် နေ့တိုင်းစားပြမှ ယုံနိုင်မယ်” ဟု အတည်ပေါက်လိုလို ရယ်စရာလိုလို သဘောဖြင့် Coral Arakan အားပြောကြားသည်။

ထိုကဲ့သို့ ဟင်းသီးဟင်းရွက်များ အဆိပ်ပါသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးဝင်းမြိုင်က ပြည်မ မီဒီယာ တစ်ခု အား အောက်ပါအတိုင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ စစ်ဆေးပြီးပါပြီ။ဘာအဆိပ်မှ မတွေ့ပါဘူးလို့ ဆရာဝန်တွေကထွက်ဆိုပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းက ကောလာဟာလသတင်းတွေပါ။ ရန်ကုန်ကိုတောင် ပို့စရာမလိုဘူး။ ဒီမှာတင် ဆရာဝန်တွေနဲ့ စစ်ဆေးခဲ့တာပါ" ဟု ၄င်းက ပြောကြားသည်။

စစ်တွေမြို့တွင်းသို့ တင်သွင်းကြသော ဟင်းသီးဟင်းရွက် အများစုကို သဲချောင်း ၊ အောင်ဒိုင် အစရှိသော ကုလားရွာကြီးများတွင် အကြီးအကျယ် စိုက်ပျိုးကြပြီး၊ စစ်တွေမြို့သို့တင်ပို့ရောင်းချကြသည်။ စစ်တွေ ဈေးအတွင်းသို့ တစ်ပတ်လျှင် သိန်း (၆၀) ဖိုးမျှ ကုလား ဟင်းသီးဟင်းရွက်များကို တင်သွင်းနေခဲ့ကြရာ အဆိုပါ အဆိပ်သံသယဖြစ်မှုကြောင့် ၀ယ်လိုအား အကြီးအကျယ် လျော့ကျသွားခဲ့သည်။ 

ဟင်းသီးဟင်းရွက်များ၌ အဆိပ်ထည့်သွင်းထားသည်ဟု သံသယဖြစ်ဖွယ်ရာ အထောက်အထားများ တွေ့ရကြောင်းကို ပြီးခဲ့သော ငါးရက်ခန့်မှ စ၍ စစ်တွေမြို့တွင် အများပြည်သူများက ပြောဆိုကြလျက်ရှိသည်။ 

အဓိကအချက်က ကုလားများကို မယုံကြည်စိတ်မချနိုင်မှု ဖြစ်သည် ဟု ဒေသခံတစ်ဦးက Coral Arakan အား ပြောကြားသည်။ “ဒေသခံ ရခိုင်တွေနဲ့ အညမည ဖြစ်အောင် နေရမယ် ဆိုတာကို သဘောပေါက်တဲ့ ကုလားလူကြီးပိုင်း အနည်းစုကလေးက ကုလားအများစုကို သြဇာ မလွှမ်း နိုင်ဘူး။ အဲဒါက အဓိက ပြဿနာပဲ။ ပြီးခဲ့တဲ့ ၂၀၁၂-ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ ပြဿနာစဖြစ်တာကလည်း ဒီလိုပဲ။ မှန်ဇီကိုသွားတဲ့ ရခိုင်အသုဘယဉ်တန်းကို ကုလားလူငယ်တွေက ခဲနဲ့စပစ်တယ်။ 

ကုလားလူကြီးတချို့က မလုပ်နဲ့လို့ တားသေးတယ်။ ရခိုင်တချို့ ဒဏ်ရာရပြီး ပြန်ပြေးလာရတယ်။ အဲဒါကနေ ဘင်္ဂါလီ ဆူပူမှု စတော့တာပဲ” ဒေသခံတစ်ဦးက Coral Arakan အား ပြောကြားသည်။ 

ယနေ့ ဇွန်န၀ါရီ (၂၆) ရက် မနက်ပိုင်းက စစ်တွေမြို့ မင်းဂံရပ်ကွက်နေ အဖွားအိုတစ်ဦး ခရမ်းသီးတစ်လုံးကို မီးဖုတ်ပြီး ခွဲကြည့်ရာ အတွင်းသားတွင် ပုံမှန်အတိုင်း မဟုတ်ပဲ အချို့နေရာများတွင် အစိမ်းရောင်အနည်းငယ် သန်းနေသည်ကို ဓါတ်ပုံပါအတိုင်းတွေ့ရသဖြင့် ရပ်ကွက်သားများက ဓါတ်ပုံရိုက်ပြီး Coral Arakan အား ပေးပို့ထားသည်။ ပူးတွဲပါပုံကို ကြည့်ပါ။

( Coral Arakan News အတွက် ယုသန္တာခင် ရေးသားသည်။ )

=================================
၂၆ ဇွန်န၀ါရီ ၂၀၁၃ ၊

 Coral Arakan News ၊

SHARE THIS
Previous Post
Next Post