မြောက်ဦးမြို့ရှိကွမ်းခြံများ ဖျက်ဆီးခံနေရမှုအား အကြိမ်ကြိမ်တိုင်ကြားသော်လည်း အာဏာပိုင်များ အရေးယူဆောင်ရွက်ပေး ခြင်းမရှိ

Written by မိုးဇော် Saturday, 05 January 2013 မြောက်ဦးမြို့၊ အလယ်ဈေးအုပ်စု၊ ဝသဲရက်ကွက်အနီး တောင်ယာမြေတွင် ရခိုင်များလုပ်ကိုင်စားသောက်နေသော ကွမ်းခြံများကို ကုလားများလာရောက်ဖျက်ဆီးနေခြင်းအား အရေးယူဆောင်ရွက်ပေးရန် ကွမ်းခြံပိုင်ရှင်များက မြောက်ဦးရဲစခန်း နှင့် တပ်ရင်း ၅၄၀ တွင် အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ ထိုသို့ ဒေသခံအာဏာပိုင်များမှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ရခိုင်ပိုင်ကွမ်းခြံများအား ဆက်လက်ဖျက်ဆီးခံနေရခြင်းများနှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်က မေးမြန်းရာ "ကျနော်တို့ ကွမ်းခြံတွေ ဖျက်ဆီးခံရတဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မြောက်ဦးရေးစခန်းနဲ့ တပ်ရင်း ၅၄၀ မှာ ကျနော်တို့သွားရောက် တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားတဲ့အတွက် ဖျက်ဆီးခံထားရတဲ့ ကွမ်းခြံနေရာတွေကို အာဏာပိုင်တွေ သွားကြည့်တယ်။ ကျနော့်တို့ကို ထိုဟာမေး ဒီဟာမေး မေးတယ်။ ပြီးတော့ ဘာမှလည်း အရေးယူလုပ်ဆောင်ပေးခြင်းမရှိဘဲ ပြန်သွားတယ်။ အဲဒီလို အာဏာပိုင်တွေက ဘာမှလုပ်ဆောင် မပေးတဲ့အတွက် ကုလားတွေက ဆက်ပြီးတော့ ကွမ်းခြံတွေကို ဖျက်ဆီးနေတယ်။" ဟု ကွမ်းခြံပိုင်ရှင်တစ်ဦးက ဖြေကြားသည်။ အဆိုပါကွမ်းခြံများအား လာရောက်ဖျက်ဆီးသောကုလားများမှာ မြောက်ဦးမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် ပေါင်းတုတ်ကုလားရွာမှဖြစ်ပြီး ဇန္နဝါရီလ ၂ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့ အလယ်ဈေးအုပ်စု ဝသဲရပ်ကွက်အနီးရှိ ရခိုင်ပိုင်ကွမ်းခြံများအား လာရောက်စတင်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ကွမ်းခြံများဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ " ကုလားအင်အား ၄၀ လောက်နဲ့ ညဥ့်အချိန်မှာ လာပြီးတော့ ဖျက်ဆီးတာ။ ကျနော်တို့က လူအင်အား ငါးယောက်ပါ။ ကွမ်းခြံတွေကို ကင်းလှည့်မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲဒီအချိန်မှာ ကုလားတွေက ကျနော်တို့ ကွမ်းခြံတွေကိုဖျက်ဆီးနေတယ်။ ကျနော်တို့ကင်းလှည့်နေတာကို သူတို့တွေ့သွားတာနဲ့ ကျနော်တို့ကို လေးခွတွေ၊ မျှားစူးတွေနဲ့ပစ်တယ်။ ကျနော်တို့ အသက်လုထွက်ပြေးလာရတယ်။ ဒဏ်ရာတွေတောင် ရလာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်းသို့ ပြောသည်။ ထိုသို့ ဒေသခံအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေခြင်းကြောင့် ကွမ်းခြံ ၁၀၀ ကျော်ရှိရာတွင် ၇၅ ရာခိုင်နှုန်းမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းနှင့် ကွမ်းခြံများသာမက လူနေတဲအိမ်များ၊ တစ်ခြားစိုက်ပျိုးရေးခြံများဖြစ် သော ဘူးခြံ၊ သခွားခြံ၊ ပဲခြံ၊ ပြောင်းခြံနှင့် ဥယဉ်ခြံများလည်း ဖျက်ဆီးခံနေကြရကြောင်း သိရသည်။ ယခုကဲ့သို့ ကုလားများ၏ အကြမ်းဖက်ရန်စနေမှုများအား ဒေသခံရခိုင်များက တရားနည်းလမ်းတကျ ဖြေရှင်းပေးရန် တိုင်ကြားမှုအား အာဏာပိုင်များမှ လျှစ်လျူရှုနေခြင်းသည် ရခိုင်ပြည်အတွင်း ကုလား-ရခိုင် ပြဿနာများကို ဆက်လက်ဖန်တီးနေခြင်းနှင့် အလားသဏ္ဍာန်တူနေကြောင်း နိုင်ငံရေးလေ့လာသူများ၏ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျှက်ရှိသည်။ မှ Arakan Times

SHARE THIS
Previous Post
Next Post