မလက်ကာအော်ပရာစီတွင် မြန်မာအပါအ၀င်နိုင်ငံခြားသား ၈၁ ဦးထိန်းသိမ်းခံရ

ဇန်န၀ါရီလ ၁၃ ရက်၊ မလက်ကာ- စနေနေ့ တွင်ပြုလုပ်ခဲ့သော 6P အစီအစဉ်အော်ပရာစီ(6P Operation)အတွင်း ပြစ်မှုအမျိုးမျိုးဖြင့် နိုင်ငံခြား သား ၈၁ ဦးကိုမလက်ကာလူဝင်မှုကြီးကြပ်ရေးဌာနက ၀န်းရံဖမ်းဆီးခဲ့သည်။ ထိန်းသိမ်းထားသောနိုင်ငံခြားသား ၈၁ ဦးတွင် အင်ဒိုနီးရှားအမျိုးသား ၆၅ ဦး နှင့်အမျိုးသမီး ၄ ဦး၊ ဘင်္ဂလားအမျိုးသား ၇ ဦး၊ ပါကစ္စတန်အမျိုးသား ၄ ဦးနှင့်မြန်မာအမျိုးသား ၁ ဦး တို့ပါဝင်သည်ဟု မလက်ကာလူဝင်မှုကြီးကြပ်ရေးဌာန၊ ညွှန်ကြားရေးမှူးကမာလမ်လူဒင်းအစ္စမေးလ် (Kamalludin Ismail)က ပြောပြသည်။

ည ၁၁ နာရီခွဲအချိန်၊ အာလောဂါဂျာ(Alor Gajah)၊ မူကင်မ်ဘီလင်မ်ဘင်း ဒူးရင်းတွန်ဂါလ်(Mukim Belimbing Durian Tunggal)တွင် ၃ နာရီကြာဝင် ခဲ့သော အော်ပရာစီ၌ လ၀ကအရာရှိ ၃၂ ဦးပါဝင်ကာ အလည်အပတ်ဗီဇာအလွဲသုံးစားမှု၊ အလုပ် လုပ်ခွင့်ပါမစ်မကိုင်ဆောင်မှု သို့မဟုတ် နယ်မြေဖြတ်သန်းခွင့်မရှိမှုတို့ဖြင့် နိုင်ငံခြားသားများကို ထိန်း သိမ်းခဲ့သည်။
အော်ပရာစီအတွင်းတွင် ၁၅၈ ဦးစစ်ဆေးခံရကာ ၈၁ ဦးမှာ အထိန်းသိမ်းခံရသည်ဟု သူက ရှင်းပြသည်။ ‘ကျွန်တော်တို့ရုတ်တရက်စစ်ဆေးတဲ့အချိန်မှာ အတော်များများက အိပ်မောကျနေ တယ်။ နိုင်ငံခြားသား ၂၀ ယောက်က အော်ပရာစီရှိတာသိသွားတော့ အမှောင်ထဲ ထွက်ပြေးသွားကြ တယ်’ဟု တနင်္ဂနွေနေ့တွင် သတင်းထောက်များကို သူက ပြောခဲ့သည်။ မာချပ်အွန်ဘူ(Machap Umboo)အနီးရှိ လ၀ကထိန်းသိမ်းရေးစခန်း တွင် ၄င်းတို့ကို ပို့မည်ဟု အရာရှိကူမာလ်လူဒင်းက ထည့်သွင်းပြောခဲ့သည်။ (ber nama)

Mail From Friend

SHARE THIS
Previous Post
Next Post