ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ ဓါတ်ဆီဖြည့်တင်းမှုကတဆင့် မီးလောင်မှု ဖြစ်ပွားနိုင်တဲ့အတွက် သတိပြုဆောင်ရွက်ကြဖို့
မီးသတ်ဦးစီးဌာနက သတိပေး နှိုးဆော်ထားတယ်လို့ သိရပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ နွေကာလ နေ့လည်အချိန်တွေမှာ မော်တော်ယာဉ်တွေကို ဓါတ်ဆီဖြည့်ခြင်းနဲ့ ဓါတ်ဆီလဲလှယ်ခြင်းများ ပြုလုပ်ရာမှာ ပွတ်တိုက်မှုကနေ သဘာဝတည်ငြိမ် လျှပ်စစ်တို့ဖြစ်ပေါ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်တော်ယာဉ် တွေကို အသုံးပြုရာမှာလည်း ယာဉ်မောင်းနှင်နေစဉ်နဲ့ ရပ်ထားစဉ်အတွင်းမှာ ၀ါယာရှော့ခ်ဖြစ်ခြင်း၊ ကားဂတ်စ်အိုး အပါအ၀င် ပိုက်ဆက်ပြုတ်ရာမှ ဒိုင်နမိုနဲ့ထိကာ မီးလောင်ခြင်း၊ စက်နှိုးထားစဉ် ဆီထည့်ခြင်း၊ ကားပရိုက်တာ ဆီလျှံခြင်း စတာတွေကြောင့်လည်း မီးလောင်မှုဖြစ်ပွား နိုင်ပါတယ်။
အဆိုပါ အကြောင်းအရာတွေအပြင် ကားခေါင်းခန်းအတွင်း ခြင်ဆေးခွေ ထွန်းခြင်း၊ ပူပြင်းတဲ့ ရာသီကာလ နေ့လည်ပိုင်းမှာ ပလပ်စတစ်ပုံးတွေနဲ့ ဆီလှယ်ခြင်း၊ ညအချိန် ကားပြင်နေစဉ် ဖယောင်းတိုင်မီးနဲ့ ကြည့်ရှုခြင်း၊ ဆီထည့်နေစဉ် ဆေးလိပ်သောက်ခြင်း၊ လက်ကိုင်ဖုန်းပြောခြင်းနဲ့ မီးပွားထွက်နိုင်တဲ့ နေရာတွေမှာ ဆီထည့်ခြင်း စတာတွေကြောင့်လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်တဲ့အတွက် သတိပြုဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ မီးလောင်မှုတွေ မဖြစ်ပွားဖို့ အတွက်ကိုတော့ ရာသီဥတု ပူပြင်းချိန်မှာ စက်သုံးဆီ ထုတ်ယူခြင်း၊ ပလပ်စတစ်ပုံးနဲ့ ဓါတ်ဆီဖြည့်ခြင်း၊ လဲလှယ်ခြင်းများကို သတိပြုရှောင်ကြဉ်ဖို့နဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရင်လည်း အလွယ်တကူ ငြှိမ်းသတ်နိုင်တဲ့ ဓါတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးတွေကို မော်တော်ယာဉ်တိုင်းမှာ အသင့်ဆောင်ထားသင့်တယ်လို့ မီးသတ်ဦးစီးဌာနက နှိုးဆော်ထားချက်များအရ သိရပါတယ်။
from thit htoo lwin
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)