ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ထိုစီမံကိန်းကိုကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော သပိတ်စခန်းအား ဖြိုခွင်းခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်ကို ယမန်နေ့ (ဇန်ဝါရီ ၁၉ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ၄၈ နာရီအတွင်း နိုင်ငံတော်သမ္မတထံ တင်ပြရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် ယခု ကြားဖြတ်အစီရင်ခံစာမှာ နိုင်ငံတော်သမ္မတထံ ကော်မရှင်၏ လုပ်ဆောင်ချက်၊ တွေ့ရှိချက်များကို တင်ပြသည့် အစီရင်ခံစာသာဖြစ်သောကြောင့် အများပြည်သူအား ထုတ်ပြန်ကြေညာမည် မဟုတ်ကြောင်းလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Update:

SHARE THIS
Previous Post
Next Post