ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ယနေနံနက်တွင် ဘင်္ဂလီများအား ပြန်လည်နေရာချထားရေးကိစများကိုဆွေးနွေးခဲ့ကြ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ယနေ့ (6-1-2013)ရက်နေ့၊ နံနက်တွင် ရခိုင်ပြည်နယ်စက်မှုလက်မှုဝန်ကြီး ဦးသာလူချေ (ယခုခရီးစဉ်တာဝန်- ကယ်ဆယ်ရေးနှင့်ပံ့ပိုးရေးဥက္ကဋ္ဌ )နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန် (ယခုခရီးစဉ်တာဝန်-ထူထောင်ရေးနှင့်နေရာချထားရေး )တို့အဖွဲ့ရောက်ရှိလာပြီး နေ့လယ်(၁)နာရီခန့်တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံကာ ဘင်္ဂလီများအား ပြန်လည်နေရာချထားရေးကိစများကိုဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ကျောက်ဖြူမြို့မှ လူငယ်အဖွဲ့နှင့် မြို့မိမြို့ဖများကို (၂)ဖွဲ့ခွဲကာတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဓိကဆွေးနွေးသည့်အကြောင်းအရာမှာ ဒေသပြင်ပတွင်ရောက်ရှိနေသော ဘင်္ဂါလီများကို မူလမြို့ရွာများတွင်ပြန်လည်ထားရှိရန်နှင့် ၄င်းတို့ကြိုတင်ရွေးချယ်ထားသော နေရာ(၃)နေရာကိုချပြဆွေးနွေးခဲ့သည်။ ၄င်းတို့မှာ- ၁။ ကျောက်ဖြူမြို့မှထွက်ခွာသွားသော ဘင်္ဂါလီများကို ပြင်ဖြူမော်တွင်နေရာချထားရန် ၂။ ငသန့်သာကျွန်းနှင့် ၃။ အစိုင်းကြီးကျွန်း တို့ဖြစ်ကြပါသည်။ ၀န်ကြီးအဖွဲ့မှချပြသော ဘင်္ဂါလီများအားနေရာချထားမည့် နေရာ(၃)နေရာစလုံးအား မလိုလားအပ်သောနောက်ထပ်ပြသနာများထပ်မံမဖြစ်ပေါ်စေရန်နှင့် တည်ငြိမ်မှုမပျက်ပြားစေရန်အတွက် ကျောက်ဖြူလူငယ်အဖွဲ့မှ ၄င်းနေရာ(၃)နေရာစလုံးအားလက်မခံကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ၀န်ကြီးအဖွဲ့အား ကျောက်ဖြူလူငယ်အဖွဲ့မှ အထက်ဖော်ပြပါကိစ္စရပ်များအားဆောက်ရွက်မည်ဆိုပါက ဘင်္ဂလီတို့အားမည့်ကဲ့သို့နေထိုင်မှုပုံစံမျိုးဖြင့်ထားရှိမည်၊ မည်ကဲ့သို့လုံခြုံရေးထားရှိမည်ကို ကျောက်ဖြူမြို့နယ်ရှိဒေသခံရခိုင်တိုင်းရင်းအားလုံးတို့ကို ပွင့်လင်းမြင်သာအောင် ချပြပြောဆိုကာ သဘောထားရယူသင့်ကြောင်း၊ အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

SHARE THIS
Previous Post
Next Post