ဆိုင်ကယ်ဒီဇိုင်းလည်း ဆွဲတတ်တဲ့ ရွန်နီ

မန်ယူတိုက်စစ်မှူး ရွန်နီမှာ ကစားသမားဘ၀မှ အနားယူပါက ဆိုင်ကယ်ဒီဇိုင်းရေးဆွဲသူဘ၀သို့ ကူး ပြောင်းနိုင်ဖွယ်ရှိနေသည်ဟု သတင်းများမှ ဖော်ပြခဲ့ကြသည်။ ရွန်နီသည် ၎င်း၏အမည်နှင့် ရုပ်ပုံပါဝင်သော ဆိုင်ကယ်ဒီဇိုင်း ရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး အဆိုပါဆိုင်ကယ်မှာ ရွန်နီ၏နာမည်ကျော် ဘိုင်စကယ်ကန်ချက်ကို ကိုယ်စားပြု၍ ဒိန်းမတ်လုပ်ငန်းစု Lauge Jenson companyမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၁ခုနှစ် မန်စီးတီးနှင့်ပွဲစဉ်တွင် ရွန်နီ သွင်းယူခဲ့သော
နောက်ပြန်ကန်ချက်ကို ဂုဏ်ပြုသောအနေဖြင့် ယင်းဆိုင်ကယ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဆီတိုင်ကီတွင် နံပါတ်(၁၀)ကို ရေးသားထားသည်။
ထို့အပြင် ဆိုင်ကယ်ဒူးကာတွင် ရွန်နီ၏အောင်ပွဲခံပုံကို ရေးဆွဲထားပြီး ဂီယာတံ၌ AA အမျိုးအစား စိန်မည်း (၂၁)လုံးနှင့် စိန်ဖြူတစ်လုံး ထည့်သွင်းထားသည်။

အဆိုပါ ဆိုင်ကယ်ကို ဘိုဟမ်လေလံပွဲတွင် ရောင်းချမည်ဖြစ်ကာ
ပေါင်(၄)သောင်းမှ (၆)သောင်းအထိ မျှော်လင့်ထားကြပြီး ရရှိသောငွေ ကို ဝေဒနာသည် ကလေးငယ်များအား ထောက်ပံ့ပေးနေသည့် ဒိန်းမတ်ပရဟိတအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မှ YoYarLay

http://yoyarlay.com/sport/football/33930-2013-01-20-15-46-04

အေးချမ်းမွန်မှ YoYarLay   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post