အလုပ်သမားအခွင့်အရေးတွေအတွက်
နေပြည်တော်ကို လမ်းလျှောက် ချီတက်
ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိုးထိမိုးမိ ရွေလုပ်
သားခေါင်းဆောင်လေးယောက်ကို
ဒီကနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ မနက်မှာ ရေတာရှည်မြို့နယ် တရားရုံးက ထောင်ခြောက်လစီနဲ့ ဒဏ်ငွေတစ်သောင်းစီ ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ထောင်ဒဏ် ၆ လ၊ တရားမ၀င်စီတန်းလှည့်လှည်မှုပုဒ်မ ၁၈ နဲ့ တစ်ယောက်ကို ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
မိုးထိမိုးမိရွေလုပ်သားတွေ ဟာ သူတို့ရဲ့ နစ်နာချက်တွေကို ရန်ကုန်မြို့ ကုမ်ပဏီရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ထူးခြားမှု မရှိတာကြောင့် မိုင် ၂၇၀ အကွာက နေပြည်တော်ကို ချီတက် တောင်းဆိုခဲ့ကြတာပါ။
နိုဝင်ဘာ ၂၃ ရက်မှာတော့ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် တစ်ရာကျော်က ခေါင်းဆောင်လေးဦးကို ၀င်ရောက်ရိုက်နှက်ဖမ်းဆီးပြီး အမှုနှစ်ခုနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
DVB (မြန်မာပိုင်း)