အနုပညာ အမှတ်တရများစွာနှင့် အကယ်ဒမီ သက်မွန်မြင့်

အနုပညာလောကမှာ ပရိသတ်တွေရဲ့ရင်ထဲကို ကိုယ်ပိုင်မှတ်တိုင် တစ်ခုစိုက် ထူနိုင်ခဲ့သူအကယ်ဒမီ သက်မွန်မြင့် က သူမသရုပ်ဆောင် မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခု ကိုလုပ်ချင်ကြောင်း ရင်ဖွင့်လာသလို ကျရာဇာတ်ရုပ်မှာ အနုပညာရသ ပေါ်လွင်အောင် သရုပ်ဆောင်နိုင် ပြီး အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး အမှတ်တရများစွာ ထဲက အဖြစ်အပျက်တွေကို ပြောပြခဲ့ ပါတယ်။

ပရိသတ်များအတွက် ထူးထူး ခြားခြားသရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ် အကြောင်းကို မေးကြည့်ခဲ့ပါတယ်။
“သက်မွန် ကာရိုက်တာတော် တော်များများကို သရုပ်ဆောင်ဖူးပေမယ့် “အအ” ဇာတ်ကားမျိုးကျတော့ တစ်ခါမှမရိုက်ဖူးသေးဘူး။ တအား ရိုက်ဖူးချင်တဲ့ကာရိုက်တာပါ။ “အ” တယ်ဆိုတော့ စကားမပြောနိုင်ဘူး။ ကိုယ်ပြောချင်တဲ့ စကားကိုမျက်လုံး အမူအရာနဲ့စကားပြောရ တယ်လေ ။ ဖြစ်ချင်တာ၊ လုပ်ချင်တာကိုလည်း လက်နဲ့၊ ခြေနဲ့ အမူအရာလုပ် ပြောရ တယ်ဆိုတော့တအား စိတ်ဝင်စား တယ်။ အခုအချိန်မှာ ဒီလိုကာရိုက် တာမျိုးလာငှားရင်ချက်ချင်းရိုက်ကို ရိုက်မှာ” လို့ လုပ်ချင်တဲ့ ကာရိုက်တာအကြောင်းကို ပြောပြခဲ့ပါတယ်။

ဗီဒီယိုဇာတ်ကားတွေမှာသရုပ်ဆောင် တော်သလို ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင် မခေတဲ့ အကယ်ဒမီ သက်မွန်မြင့်က ကြော်ငြာပိုင်းမှာ လည်း နေရာတော်တော်များများကို ရရှိထားခဲ့သူ တစ်ယောက် အနေနဲ့ စက္ကန့်လေး အတွင်းမှာ ပရိသတ်တွေ ကိုယ့်ကြော်ငြာကို လက်ခံအောင် ကြိုး စားခဲ့ပုံကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။

“ကြော်ငြာတစ်ခုရိုက်ဖို့ စက္ကန့် လေးနဲ့ ပရိသတ်တွေကို ထိထိမိမိ ဆွဲ ဆောင်နိုင်ဖို့ ဆိုတဲ့တာဝန်က တအားအရေးကြီးတယ်။ ကြော်ငြာ ကလည်း အဓိကကတော့သီချင်းတီးလုံးတွေ အရေးကြီးတယ်။ အဲဒီ သီချင်းပေါ် မှာလည်း သက်ရောက်မှုတွေ အများ ကြီးရှိတယ်။ သီချင်းပုံစံ အတိုင်း ကိုယ်ကစီးမျောရတာလေ။ စား သောက်ကုန်၊ အလှကုန်ပစ္စည်း၊ အဝတ်အစား၊ ဒီခေါင်းစဉ်တွေ အောက်မှာလည်း ကိုယ်က အိုက်တင် တွေကို စဉ်းစားရတာပေါ့။ ပြီးတော့ ကြော်ငြာရှင်တွေရဲ့ဆန္ဒ၊ ဒါရိုက်တာ တွေ ရဲ့လိုအပ်ချက်ကိုလည်း မေးရ တယ်။ ကိုယ်တစ်ယောက်တည်းနဲ့ တော့ စက္ကန့်လေးနဲ့ အောင်မြင်ဖို့ဆို တာ ခက်ခဲပါတယ်” လို့ ပြောပြပါ တယ်။

အနုပညာရှင်တွေဟာ သူတို့ ရဲ့ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ နည်း တယ်လို့ပြောကြတဲ့အပေါ်မှာ အကယ် ဒမီသက်မွန်မြင့်ရဲ့ကိုယ်ပိုင် လွတ်လပ် ချိန်ကိုလည်း မေးကြည့်ခဲ့ပါတယ်။
“အနုပညာသမားဆိုတာ ဒီအနု ပညာလောကမှာပဲ လူတွေအများ ကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ အဆင်မပြေနိုင်တာတွေ အများကြီး ရှိတာပေါ့။ ကိုယ်ကလည်း သည်းခံ ပေးနိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့လိုတာပေါ့။ ရုတ်တရက် အဆင်မပြေတာတွေ လည်း ကြုံတွေ့တတ်တယ်။ ကြုံတွေ့ ပြီဆိုရင်လည်း ရင်ဆိုင်ဖြေရှင်းတတ် ဖို့လိုတာပေါ့။ ကိုယ်ပိုင်အချိန်ဆိုတာ အိပ်ချိန်နဲ့ စားချိန်ပဲရှိတာပါ။ လူမှု ရေးဘက်မှာလည်း အားနည်း သွားတာပေါ့။ သူငယ် ချင်းတွေနဲ့ကျတော့ လည်း လွတ်လွတ်လပ် လပ် သွားချင်တိုင်း သွားလို့ မရဘူး။ ဥပမာ- သူငယ် ချင်း တွေ နဲ့ လမ်း ဘေး က ကဖီး ဆိုင် ထိုင် ချင် တာတောင် အဆင်မပြေ ဘူး။ ကိုယ့် အတွက် သူတို့ က စိတ်ပူပေး ပြီး ငဲ့ညှာပေးရ တာမျိုးတွေရှိ တယ်”လို့ပြောပြ ခဲ့ပါတယ်။

ထူးထူး

"အနုပညာ အမှတ်တရများစွာနှင့် အကယ်ဒမီ သက်မွန်မြင့်"

SHARE THIS
Previous Post
Next Post