၂ဝ၁၃ မှာ ထူးခြားတဲ့ ဇာတ်ကားတွေ ရိုက်ဖို့စီစဉ်ထားကြောင်း ဝတ်မှုံရွှေရည်ပြော

Posted by AF in ပြည်တွင်း အနုပညာ ရပ်ဝန်း ပဟေဠိဆန်ဆန်ရိုက်ကူးထားတဲ့ ‘နှင်းဆီတစ်ထောင်’ ဆိုတဲ့ဇာတ်ကားမှာ နှင်းဆီဆိုတဲ့ ကောင်မလေး တစ်ယောက်အဖြစ် ဝတ်မှုံရွှေရည်က သရုပ်ဆောင်နေပါတယ်။ ဝတ်မှုံရွှေရည်က ဒီဇင်ဘာလမှာ ဇာတ်ကား ရိုက်ကူးမှုတွေကို ခဏနားထားပြီး အခုဇန်နဝါရီမှာ ပထမဆုံးပြန်လည် ရိုက်ကူးတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ “ဒီဇာတ် ကားပုံစံက ကစ်မရိုက်ဖူးတဲ့ကားမျိုးလေးပါ။ ဇာတ်လမ်းလည်း ထူးခြားတယ်၊ တင်ပြပုံလေးလည်း ကောင်းတယ်။ ကိုညိုမင်းလွင်နဲ့လည်း ပထမဆုံးဆုံတဲ့ကားဆိုတော့ ပရိသတ်တွေလည်း ကြည့်ရတာ ကစ်ကိုမြင်နေကျပုံစံမျိုးတော့ မဟုတ်ဘူး။ ရိုက်ထားတဲ့ ဇာတ်တွေနဲ့မတူဘူး။ ကစ်နဲ့ ကိုညိုမင်းလွင်က ပထမဆုံးဆုံတဲ့ ကားဆိုပေမယ့် အရင်တုန်းက သူ့ရဲ့ဇာတ်ကားတွေကို ကြည့်ဖူးတယ်။သူရိုက်တဲ့ပုံစံတွေကို သဘောကျတယ်။ လူငယ်လည်းဆန်တယ်”လို့ ပြောပြပါတယ်။ ဝတ်မှုံရွှေရည်က ၃လပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ရှိပြီး ၂ဝ၁၃ထဲမှာထူးထူးခြားခြား ဇာတ်ကားတွေကို ရိုက်ဖို့ စဉ်းစားထားတာတွေ ရှိတယ်လို့ပြောပါတယ်။ “ကိုပြေတီဦး နဲ့ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်။ ဇာတ် လမ်းလေးတွေကို ၂ဝ၁၃ မှာတော့ ထူးထူးခြားခြားလေးတွေရိုက်ဖို့ စဉ်း စားထားတယ်။ ၂ဝ၁၃က အခုမှနှစ်စ ဆိုတော့ ကစ်အတွက် ကံကောင်းမလား၊ကံဆိုးမလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ၂ဝ၁၃ကို ပျော်ရွှင်ခြင်းတွေနဲ့ နှစ်ကူးခဲ့ရတော့ ပျော်ရွှင်ခြင်း တွေနဲ့ ကံကောင်းတဲ့နှစ်ဖြစ်မယ် လို့ ယုံကြည်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပြပါတယ်။ဒီနှစ်အကယ်ဒမီပေး ပွဲကိုတက်ရောက်ခဲ့တဲ့ဝတ်မှုံရွှေရည်ရဲ့ ဖက်ရှင်ဒီဇိုင်းကို ပရိသတ်တွေက ကြိုက် နှစ်သက် ခဲ့ကြပါတယ်။ အကယ်ဒမီပေး ပွဲကိုတော့ မဝေဖန်တတ်ပေမယ့် အဆင်ပြေပြီးကောင်းပါတယ်လို့ ဝတ်မှုံရွှေရည်ကပြောပြခဲ့ပါတယ်။ မေမွန်မောင် မှ popularmyanmar

SHARE THIS
Previous Post
Next Post