ပထမအကြိမ်ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံ မှန်အစည်းအဝေး အစီအစဉ်



၂၈.၁.၂၀၁၃၊ တနင်္လာနေ့တွင် နံနက် ၁၀း၀၀ အချိန်တွင် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း။

(က) ဦးအေးမောက်၊ မလှိုင်မဲဆန္ဒနယ်၏ အသက်ခြောက်ဆယ်ပြည့်ပြီး ဆက်လက်အမှုထမ်းဆောင် စေခြင်းအား ရပ်ဆိုင်းပေးရန်၊ မဖြစ်မနေလိုအပ်ပါက ကျွမ်းကျင်သူအဖြစ်သာ ခန့်ထားရန်နှင့် လစ်လပ်ရာထူးနေရာဖော်ပြပေးရန် အမိန့်ကြော်ငြာစာများထုတ်ပြန်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း။

(ခ) ဒေါ်နန်းဝါနု၊ ကွန်ဟိန်းမဲဆန္ဒနယ်၏ ကွန်ဟိန်းမြို့နယ် စာရင်းစစ်ရုံးအဆောက်အဦ ဆောက်လုပ်ရန် အစီအစဉ်ရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

(ဂ) ဦးသိန်းရီ၊ ထန်းတပင်မဲဆန္ဒနယ်၏ နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားလျှက်ရှိသော B.E ဘွဲ့ပညာမမှီ၍ ကျောင်းထွက်သွားရသော A.G.T.I ကျောင်းသားကျောင်းသူများအား မည်သို့စီစဉ်ဆောင်ရွက် ထားသည်နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ဃ) ဦးကျော်ဝင်း၊ ကန်ကြီးထောင့်မဲဆန္ဒနယ်၏ ကန်ကြီးထောင့်မြို့နယ်အတွင်ရှိ ကျန်ရှိနေသေး သော လယ်သမားတာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

(င) ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်၏ စမုံရေထိန်းတမံ၏ လက်ဝဲမြောင်းတစ်လျှောက် တပ်ဆင် ထားသော ရေထုတ်ပြွန်၊ ရေတံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေမှုနှင့် ပတ်သတ်ပြီး ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

(စ) ဦးဘိုနီ၊ ရမည်းသင်းမဲဆန္ဒနယ်၏ ကုလားမျောစိုက်ကွင်းစီမံကိန်းဧက(၁၄၀၀) ကျော်ရှိ စိုက်ဧက များအတွင်းသို့ သစ်ဆုံလက်ခွဲမြောင်းအမှတ်(၁) မှ ကမ္မသဲကန်အထိ ရေစီးရေလာ ကောင်းအောင် ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း။

၆။ ဦးသိန်းညွန့်သင်္ကန်းကျွန်းမဲဆန္ဒနယ်၏က “မြန်မာနိုင်ငံရုံးခွန်နှင့် တံဆိပ်ခေါင်းခွန် နှုန်းထား များကို အသစ်ပြောင်းလဲ ပြင်ဆင်ပြဌာန်းသတ်မှတ်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်- ၁၂၂/၂၀၁၂ နှင့် ၁၂၃/၂၀၁၂ အပါအဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃) နှင့် (၅) ရုံးခွန်နှင့် တံဆိပ်ခေါင်းအခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေများ ကို အခြေခံ၍ လက်ရှိပြင်ဆင် သတ်မှတ် ထားသော ရုံးခွန်၊ တံဆိပ်ခေါင်းခွန် နှုန်းထားများနှင့် ပတ်သတ်၍ ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်း။

၇။ အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့ အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၈။ ပြည်သူ့လွှတ်တော်တွင်စတင်တင်သွင်းသည့် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည် ပေးပို့လာသော “မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေများ” ကိုလက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၉။ အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော “တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေး၍ အတည်ပြုရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

SHARE THIS
Previous Post
Next Post