အီဂျစ်ဆန္ဒပြမှု အဓိကရုဏ်း

အီဂျစ်ဆန္ဒပြမှု အဓိကရုဏ်း အီဂျစ်နိုင်ငံရှိ မြို့ကြီးများတွင် သမ္မတမော်စီအစိုးရအား ဆန့်ကျင်ဆန္ဒပြသူများနှင် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ကာ အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဆန္ဒပြသူများသည် အီဂျစ်မြို့တော် ကိုင်ရိုတွင်လည်း Tahrir ရင်ပြင်၌ စခန်းချစုရုံးကာ ဆန္ဒပြခဲ့ကြပြီး အဓိကရုဏ်း ဖြစ်ပွားမှုကြောင့် အနည်းဆုံး ဆန္ဒပြသူ ၆၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၂ ဦး ဒဏ်ရာရရှိကြောင်း SkyNews က ပြောကြားသည်။

ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာ လူစုခွဲရန် ကြိုးပမ်းခဲ့ပြီး ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ အရေးပေါ်ဌာန၏ အဆိုအရ ဒဏ်ရာရရှိသူ ၁၁၀ ဦးရှိကြောင်း သိရသည်။

မှ Planet Myanmar Network


SHARE THIS
Previous Post
Next Post